Arts?

78 10 2
                                    

{Unicode}

ဒီနေ့က မင်ဟိုရဲ့အားလပ်ရက်ပင်။သောကြာနေ့ဖြစ်တဲ့အပြင် မနက်ဖြန်နှင့်သဘက်ခါမှာလည်းကျောင်းပိတ်ရက်တွေဖြစ်သည်မို့ ထမင်းဆိုင်တွင်လူမများပေ။ထို့ကြောင့် သောကြာ၊စနေ၊တနင်္ဂနွေရက်တွေသည် မင်ဟို့ရဲ့3ရက်ဆက်တိုက်နားရက်များဖြစ်သည်။
မနေ့ကအကြောင်းတွေးရင်တော့ မင်ဟိုတကယ်စိတ်ညစ်သည်။မုန့်သွားပို့ပေးသည်ကို အိမ်တံခါးဖွင့်ပြီးမင်ဟို့မျက်နှာမြင်သည်နှင့် တံခါးပြန်ပိတ်သွားကာ ထပ်ခေါ်လည်းမထူးတော့ပေ။ဒီ‌အူကြောင်ကြောင်တစ်ယောက်ကြောင့် မင်ဟို့မှာအလုပ်ရှုပ်သွားရသည်။

ကျောင်းကအပြန်တွင်ဆိုင်၌ထိုကောင်လေးကိုထပ်တွေ့ရသည်။အပေါ်ထပ်အဆောင်တွေဆီသွားချင်လျှင် ဆိုင်ထဲကနေဖြတ်ပြီးမှသွားရသည်မို့ ဆိုင်ထဲကိုမဖြစ်မနေဝင်ကိုဝင်ရသည်။ထုံးစံအတိုင်း သူ့အမေအန်တီကင်မ်ကို ကပ်ချွဲနေပုံပါပဲ။အန်တီကင်မ့်ကိုနှုတ်ဆက်ပြီး အပေါ်ထပ်ကိုသာတက်လာလိုက်သည်။

အဆောင်ရဲ့အခန်းဖွဲ့စည်းပုံက အနည်းငယ်တော့ထူးဆန်းသည်။ဝရံတာကို နောက်ဖေးလမ်းကြားဖက်ကိုထုတ်ထားသည်။အိမ်ရှေ့ဖက်က စားသောက်ဆိုင်နှင့်မို့ ဝရံတာလုပ်ရန်အခက်အခဲရှိ၍ထင်သည်။ထူးဆန်းပေမယ့် မင်ဟိုသဘောကျသည်။နောက်ဖေးလမ်းကြားဘက်မို့ လူသွားလူလာကင်းရှင်း၍တိတ်ဆိတ်သည်၊အေးချမ်းသည်။

ရေချိုး၊အဝတ်လျှော်ပြီး အဝတ်လှမ်းရင်း ဝရံတာမှာထိုင်ငေးနေသည်။အတွေးရယ်လို့မရှိဘဲ ဒီတိုင်းထိုင်ငိုင်နေခြင်းသာဖြစ်သည်။

"အစ်ကို...အစ်ကို"

လှည့်မကြည့်ဘဲနှင့်တောင် ဟိုကောင်စုတ်လေးအသံမှန်းသိသည်။သူနဲ့ကလည်း ရေစက်ကိုပါနိုင်လွန်းသည်။ဘေးကပ်ရပ်အခန်းတွင် ဆုံရသည်။အခုလည်းသူ့အခန်းဝရံတာကနေ လှမ်းခေါ်နေတာဖြစ်သည်။မင်ဟိုမထူးချင်။မကြားချင်ယောင်သာဆောင်၍နေလိုက်သည်။

"ပြန်မထူးလည်း ကြားနေမယ်မှန်းသိပါတယ်နော်

မနေ့ကကိစ္စကို တောင်းပန်ချင်လို့လေ
အစ်ကို့ကိုအခန်းရှေ့မှာမမျှော်လင့်ဘဲတွေ့လိုက်ရလို့လန့်သွားတာ"

My First Love whom I don't want to lose Twice Where stories live. Discover now