{Unicode}
"ကျွန်တော်ပြန်ရောက်ပါပြီ"
မင်ဟိုရဲ့အသံကို ဟျွန်းဂျင်ကြားလိုက်ရသည်။သူပြန်လာခဲ့ပေမယ့် ထွက်သွားဖို့တော့မဟုတ်ဘူးမလားဟု ကိုယ့်စိတ်ကိုဖြည့်တွေးသည်။
ဟျွန်းဂျင် စားဖိုခန်းထဲကနေအပြေးထွက်လာခဲ့လိုက်သည်။ဆိုင်သိမ်းချိန်ရောက်ပြီမို့ သရေစာအတွက် ဆိုင်ရဲ့အဓိကစားဖိုမှူးဖြစ်တဲ့ဦးလေးကို ဟျွန်းဂျင်သွားဂျီကျနေခဲ့တာဖြစ်သည်။"ဟိုင်း...မတွေ့ရတာကြာပြီနော်"
ဟျွန်းဂျင်ကိုတွေ့တွေ့ချင်းမင်ဟိုနှုတ်ဆက်လိုက်သည်။ထိုကောင်လေးက ငိုတော့မယ့်ရုပ်ကလေးနဲ့ပင်။ဒရမ်မာကတော့ များတုန်းပဲလို့ မင်ဟိုတွေးဖြစ်လိုက်သေးသည်။
ဟျွန်းဂျင်ဆီက ဘာစကားမှထွက်မလာဘဲ ကျောက်ရုပ်လေးလို သူ့အားရပ်ကြည့်နေစဲပင်။ထို့ကြောင့်မင်ဟိုကပဲ အန်တီဂင်မ်ဆီကခွင့်တောင်းပြီး ဟျွန်းဂျင်ကို အခန်းထဲသို့ခေါ်လာလိုက်တော့သည်။သူတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော်လည်း ဟျွန်းဂျင်ရဲ့လက်ကလေးတွေ အေးနေတာကိုလည်း လမ်းတစ်လျှောက်၌သတိထားမိလိုက်သေးသည်။"ဘာတွေဖြစ်နေတာလဲ"
အနူးညံ့ဆုံးသော လေသံလေးနဲ့မေးလိုက်ရင်း ဟျွန်းဂျင်ရဲ့မျက်လုံးများအား စိုက်ကြည့်ကာ မင်ဟို့မေးခွန်းရဲ့အဖြေကို မင်ဟိုကိုယ်တိုင်လည်းဟျွန်းဂျင်ဆီမှပြန်ရှာဖွေမိသည်။ဒီကောင်ကလေးမှာ သူ့အားရန်တွေ့ချင်နေပုံပေါ်ပါ၏။ထို့နောက် စကားလုံးများပျောက်နေသော ထိုလူသားကလေးကို မင်ဟိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ရင်း နှစ်သိမ့်လိုက်သည်။
"အရမ်း သတိရနေခဲ့တာ"
ပွေ့ဖက်ထားစဲဖြစ်ပေမယ့် အခုချိန်ထိဟျွန်းဂျင်ထံမှ မည်သည့်တုံ့ပြန်ချက်ကိုမှ မရသေးပေ။ဒီကောင်လေး စိတ်ဆိုးနေတာလား၊ ဒါမှမဟုတ် တိတ်တိတ်လေး ခိုးငိုနေတာများလား။ပွေ့ဖက်ထားမှုကိုဖယ်ခွာရင်း မျက်နှာချင်းဆိုင်စေကာ အကြည့်တွေကိုထပ်ဆုံစေလိုက်သည်။
"ငါ အရမ်းပင်ပန်းလာတာ
ဒီ၅ရက်အတွင်း ကောင်းကောင်းမအိပ်ရသေးဘူး"
![](https://img.wattpad.com/cover/332415563-288-k382922.jpg)
YOU ARE READING
My First Love whom I don't want to lose Twice
Fanficဒုတိယအကြိမ်ဆိုတာရှိလာပြီးသည့်နောက်...