အခန်း(၂) ....မောင့်ကို တွေ့ချင်လှပြီ
စု လေဆိပ်က ဆင်းဆင်းချင်း လီလီဖုန်းဆက်လာတယ်။
"Hey....ဘယ်လိုလဲ. ..? ရှင့်ရဲ့ ခွေးပေါက်ကို တွေ့ပြီလား?" ဆိုပြီး အင်္ဂလန်ကနေကို လှမ်းနှောက်တယ်။
သူက စုရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးဆိုတော့ မောင့်အကြောင်းတွေကို စုပြောပြလွန်းလို့ လီလီ နားရည်ဝနေပြီလေ။ အခုလဲ စုကိုယ့်နိုင်ငံကို ၇နှစ်ကြာမှ ပြန်လာရတဲ့ အကြောင်းအရင်းက မောင်နဲ့ တွေ့ချင်ရုံသက်သက်ပဲ။ ဖေဖေနဲ့လဲ နေဖို့စိတ်ကူးမရှိသလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီး C.E.O ရာထူးနဲ့ စုပြန်လာနိုင်ခဲ့တယ်။
စု မောင်နဲ့တွေ့ဖို့ ရင်တွေခုန်နေသလို လီလီလဲ ဟိုကနေ သိချင်နေမှာ အမှန်။
"လီလီ.....မောင်နဲ့ ချက်ချင်း ဘယ်လိုတွေ့မလဲ..? မောင်နဲ့က အင်္ဂလန်ရောက်တည်းက အဆက်အသွယ်မှ မရတာ"စု ရယ်ရင်းနဲ့ပဲ လီလီ့ကို ပြန်ဖြေလိုက်တယ်။ တကယ်တော့ စုလဲ လီလီ့လိုပါပဲ...မောင်များ ရောက်နေမလားရယ်လို့ လေဆိပ်တခွင် ဝေ့ဝိုက်ကြည့်မိသေးတယ်။ ပိုင်စုစိုးစံ...နင် ရူးများ ရူးနေသလားကွယ်။ သေချာပေါက် ရူးတာလဲ ဖြစ်နိုင်ပါတယ်...ပြန်စာမရှိတဲ့ စာတွေလဲ ရေးပို့မိသလို..ယောက်ျားတစ်ယောက်အတွက်နဲ့ စက်ဆုပ်ဖွယ်နိုင်ငံကို ပြန်လာခဲ့မိတယ်။လီလီက စုကို ရယ်လဲရယ်သလို ဆဲလဲဆဲနေခဲ့တယ်။
"အရူးမရယ်...ရှင်ပြောတော့ ရှင့်မောင်က ရှင်မှရှင်ဆို"
"အဲ့တုန်းက မောင်ရော စုရော သိပ်ငယ်သေးတယ်လေကွယ်....တော်ပါပြီ လီလီရယ်။
ရှင်ဒီလိုပဲ ဆက်ဖဲ့နေမယ်ဆို..တို့မောင်အကြောင်း ရှင့်ကို နောက်ပြောမပြတော့ဘူး""ဘယ်နှစ်နာရီလဲ..?"
လီလီက အဲ့လိုမေးတော့ စု ဖုန်းကိုကြည့်ပြီး ပြန်ဖြေလိုက်တယ်။
"နေ့လယ် ၂နာရီ ၁၅မိနစ်"
"မဟုတ်ဘူး..! ရှင် လီလီ့ကို ရှင့်မောင်အကြောင်း မပြောမယ့် ကြာချိန်ကို သိချင်တာ..နားနားနေနေ နေရအောင်လို့"
"မိန်းမနော်...ဟွန့်...ဒီကနေ ပါးလှမ်းနမ်းလိုက်မယ်"
"အိုခေလေ....ဆိုတော့ ဟိုမှာ နေစရာအရင်ရှာပြီး အနားယူအုံး...ရှင့်မောင်ကိုအရင်ရှာမနေနဲ့..ကြားလား..?"
YOU ARE READING
မောင် မချစ်တဲ့ မိန်းမ (The girl he doesn't love)