Unicode
Germany နိုင်ငံ Berlin မြို့နယ်၏စည်ကားလှသောရပ်ကွက်တစ်ခုရဲ့ လမ်းပေါ်တွင် Magic shopဟုအမည်ရသည့်စာအုပ်ဆိုင်လေးတစ်ဆိုင်ရှိသည်။ထိုဆိုင်လေးသည် သိပ်တော့မကြီးမားသော်ငြား ပြတင်းပေါက်မှန်အပြာရောင်လေးများ၊ ခိုင်ခံ့လှပသောသစ်သားများဖြင့်ဆောက်လုပ်ထားကာ အပြင်မှမြင်ရသူဖို့ စိတ်အေးချမ်းစေသည်။ပို၍ စိတ်နှလုံးကိုအေးချမ်းစေသည်က ဖော်ရွေစွာဆက်ဆံတတ်သောစာအုပ်ဆိုင်ပိုင်ရှင်လေးကြောင့်ပင်။ အပြောအဆိုအရမ်း ပြေပြစ်တာကြောင့် နေ့တိုင်းထိုစာအုပ်ဆိုင်လေးတွင် လူမပြတ်လတ်ပေ။
"Hallo und Willkommen"
(မင်္ဂလာပါကြိုဆိုပါတယ်)အချိန်အားဖြင့်ည9:00နာရီရှိနေပြီဖြစ်တာကြောင့် ဆိုင်ပိတ်ဖို့ပြင်ဆင်နေတုံး အဝင်တံခါးမကြီးတွင်
တပ်ဆင်ထားသောခေါင်းလောင်းသံလေးမြည်လာသည်။CustomerကCustomerပေမို့ ဆိုင်ပိတ်ခြင်းကနောက်မှ၊ အရင်ဧည့်ဝတ်ကျေပွန်စွာနှုတ်ဆက်လိုက်သည်။စာအုပ်ဆိုင်ပိုင်ရှင်လေးသည် ဆံပင်တွေကို သပ်ရပ်စွာအပြောင်ဖီးသင်ထားကာ Black Long coatကိုဝတ်ဆင်ထားတဲ့ လူသားအားကြည့်ပြီး တစ်မိနစ်လောက်ရင်ဖိုသွားရသည်။ဆိုင်အတွင်းထဲ အပူပေးစက်ဖွင့်ထားတာတောင် ရင်တွေအသည်းတွေအေးခနဲ။
ထိုဧည့်သည်သည် 'ဝယ်ယူရန်'ဆိုသည့်စာအုပ်စင်တွေမှ ကျော်ကာ 'ငှားဖတ်ရန်'ဆိုသည့် စာအုပ်စင်ဘက်သို့ရောက်ပြီးမကြာမီ သူလိုချင်သည့်စာအုပ်အားတွေ့သွားတာကြောင့် မျက်နှာနုနု၌ အပြုံးလေးတွေပေါ်လာသည်ကို စာအုပ်ဆိုင်ပိုင်ရှင်လေးကအစအဆုံးမြင်လိုက်ရသည်။
"Gäste können hier sitzen und lesen"
(ဧည့်သည် ဒီမှာထိုင်ဖတ်လို့ရပါတယ်)မတ်တပ်ရပ်ပြီး စာအုပ်ဖတ်နေသောဧည့်သည်ကြောင့် စာဖတ်သူအချို့အေးဆေးဖတ်ရှူရန်ပြင်ဆင်ထားသည့် ခုံတန်းအရှည်လေးပေါ် ညွှန်းပေးလိုက်သည်။ထိုအခါမှ ကျေးဇူးတင်ပါတယ်တစ်ခွန်းနှင့် အနွေးထည်ကိုချွတ်ကာ စာအုပ်ကိုဆက်လှန်ပြီးဖတ်နေသည်။
"ဘာလို့ ဆရာပြောတဲ့အကြောင်းက မတွေ့ရတာလဲ"
ထိုဧည့်သည်အမျိုးသားဆီမှ ကြားလိုက်ရသောKoreaစကားသံလေးကြောင့် အံ့သြပြီးပျော်ရွှင်သွားမိသည်။
YOU ARE READING
Found of love at Berlin(one short)
RomanceBerlinမြို့မှာ အချစ်ပုံပြင်ချိုချိုလေးတစ်ပုဒ် ဖြစ်ထွန်းခဲ့...။