💚part 1❤[Unicode]

65 8 4
                                    

ဟဲနန်ပြည်နယ်လော့ယန်မြို့ နှစ်ထပ်အိမ်လေး တစ်အိမ်တွင် ဝမ်ရှီးချန်၊ ဝမ်ရှီးချန် ရဲ့ဇနီး မုန့်ယောင်၊ရှီးချန်ရဲ့၈နှစ်အရွယ်ညီလေး ဝမ်ရိပေါ်တို့အတူ နေကြသည်။ ဝမ်ရိပေါ်က အက်စီးဒင့်တစ်ခုကြောင့်ကလှုပ်မရဖြစ်သွားခဲ့သည်။ တနေ့ ရှီးချန် တို့အိမ်ဘေးကို မိသားစုတစ်ခုပြောင်းလာခဲ့၏။

" ရိပေါ်ရေ ရိပေါ် အကိုတို့ ဟိုဘက်တိုက်မှာအသစ်ပြောင်းလာတဲ့မိသားစုဆီသွားကြရအောင် မုန့်လေးလည်းသွားပေးချင်လို့ လိုက်ခဲ့နော်"

" မလိုက္ဘူး "

" ရိပေါ် အခန်းထဲဘဲမနေနဲ့လေ အပြင်လေးထွက်ပြီးလေကောင်းလေသန့်လေးရှုရမယ်လေ အဲ့ဒါမှကျန်းမာရေးအတွက်ကောင်းမှာပေါ့ "

" မရီး ကျွန်တော် မလိုက်ဘူး"

မုန့်ယောင်ကို ရိပေါ်က မရီးလို့ပဲခေါ်နေကျဖြစ်သည်။

" လိုက်ခဲ့ပါရိပေါ်ရယ် နော်လို့.."

" အပြင်ထွက်လိုက်တော့ ခြေထောက်ကပြန်ကောင်းလာမှာလား.... "

မုန့်ယောင်လည်း စကားမပြောနိုင်တော့ပဲ အောက်ထပ်ကိုဆင်းလာခဲ့သည်။ မုန့်ယောင် အောက်ထပ်ကိုမျက်နှာမသာမယာနဲ့ဆင်းလာတာ ရှီးချန် တွေ့တော့

" ချစ် ဘာဖြစ်လို့လည်း "

" ရိပေါ်နဲ့ ဟိုဘက်အိမ်ကိုအသစ်ပြောင်းလာတဲ့ မိသားစုဆီမုန့်လေးလုပ်ထားတာသွားပေးရအောင်လို့ လိုက်ခဲ့ပါ လို့ပြောတာ နောက်တော့ လေကောင်းလေသန့်လေးရှုရအောင်ရော ..."

" ရိပေါ်ကဘာပြန်ပြောလည်း ချစ်"

" လေကောင်းလေသန့်ရှုလိုက်တော့ရော ခြေထောက်ကပြန်ကောင်းလာမှာလာတဲ့ "

" ချစ် အဲ့ဒါစိတ်မပူနဲ့ ရိပေါ်ခြေထောက်ကကောင်းသွားပါပြီ ခြေထောက်ကိုလဲမကျအောင်ထိန်းထားတဲ့ခြေထိန်းထောက်တွေနဲ့မလို့ပါ ရိပေါ်လည်း အပြင်မထွက်ချင်လို့နေမှာပေါ့ "

" အင်း ဟုတ်ပါပြီ ဒါဆိုလည်း ကို လိုက်ခဲ့နော်"

"ဟုတ်ပါပြီ ကို လိုက်ခဲ့ မယ် "

ရှီးချန် နဲ့ မုန့်ယောင်တို့ အိမ်နီးချင်း မိသားစု ဆီရောက်လာခဲ့၏။

လေယဉ်မှုူးလေးရဲ့ချစ်ရသူ [Unicode +Zawgyi]Where stories live. Discover now