❤part 2💚[Unicode]

21 2 0
                                    

၁၀နှစ်ခန့်ကြာသော်အခါ

ရိပေါ် ရဲ့ ဆိုင်ကယ် ပြိုင်ပွဲကို မိန်းကလေးများရဲ့အားပေးသံများထက် ရိပေါ်က ရှောင်ကျန့် ရဲ့

"ရိပေါ်!!ကြိုးစားထားနော်! ."

ဆိုတဲ့အသံလေးကိုသာ ပို၍နှစ်သက်မိသည်။
ထိုအသံလေးရဲ့အားပေးမှုကြောင့်သာ အားရှိခဲ့တာ.. တခြားသူတွေကိုပြောပြရင်လည်း ယုံကြမှာမဟုတ်တာ...

"ရေးးး!!"

ဝမ်ရိပေါ် ပန်းဝင်သွားတာနဲ့အတူ ရှောင်ကျန့် ရဲ့ခုန်ပေါက်ကာ ပျော်ရွင်တဲ့ အသံလေးထွက်ပေါ်လာသည်။ ပြီးတာနဲ့ ရိပေါ်ဆီပြေးကာ ရိပေါ်ကိုဖက်လိုက်သည်။

"ရိပေါ် ဂုဏ်ယူပါတယ်! ဟီးဟီး ပျော်စရာကြီး.. "

"ကျန့်ကော က ပျော်တယ်ပေါ.."

"ဟာ ပျော်တာပေါ့...ငါကမပျော်ဘဲနေမလားငါအစားဝင်ပြိုင်ပေးတဲ့ ရိပေါ်လေးက သိပ်တော်လွန်းတာကို လို့.. "

"ကျန့်ကော ကျွန်တော် ပြောအုံးမယ်... ကျန့်ကော ကျောင်းကိုယ်စားပြုကို ကျန့်ကောဝင်ပြိုင်တာမလား.. ဒါဆို ဘာလို့ ကျွန်တော်က.."

"အဟမ်းအဟမ်း.. င ငါက ."

"ကျွန်တော် သိပါတယ် ကျန့်ကောက ကျွန်တော် ဆိုင်ကယ် စီးရတာကိုနှစ်သက်မှန်း.. ရှီးချန်ကောက မစီးခိုင်းတော့ ...ကျွန်တော် ဝမ်းနည်းသွားပြီး ထမင်းနှစ်ရက်တောင် မစားခဲ့တာလေ..."

"အ အဲ့တာက.."

"ကျေးဇူးပါ ကော.."

"ကိစ္စမရှိပါဘူး ဗျ ရိပေါ်လေးအတွက်ဆိုကောကအမြဲရှိတယ်.."

အပြုံးလေးတစ်ချက်သာ ပြုံးရင်းပြောတဲ့ ရှောင်ကျန့် ကိုအကြာကြီးစိုက်ကြည့်နေမိတာအမှန်ပါဘဲ..

ရှောင်ကျန့်က ရုတ်တရက် သူ့ဖုန်းကိုထုတ်ကာ တစ်နရောသို့ထွက်သွားတာကို ရိပေါ်တွေ့လိုက်ရသည်။ လိုက်သွားမလို့ပြင်တုန်း မိန်းကလေး တွေကစုအုံလာကာရိပေါ်နှင့် ဓာတ်ပုံတွဲရိုက်ကြသည်။

.
.
.
.
"ဟုတ်ကျွန်တော်လာခဲ့ပါမယ် နောက်၂မိနစ်ဘဲစောင့်ပါ ကျွန်တော်လာနေပါပြီ.."

လေယဉ်မှုူးလေးရဲ့ချစ်ရသူ [Unicode +Zawgyi]Where stories live. Discover now