အပိုင်း(၁)မဖတ်ခင်သေချာပေါက်ဖတ်ပေးပါ

3.9K 200 14
                                    

Unicode

    သတိပေးချက်နှင့် ဇာတ်ကောင်မိတ်ဆက်

သတိပေးချက်

   Horror Fiction ကိုမှ Yaoi ပါဗျ။Horror ဆိုလို့ ကြောက်ဖို့ကောင်းတာတွေချည်းမဟုတ်ပဲ ရယ်ရတလှည့် အချိုတွေစားရတလှည့်ပေါ့။ကျွန်တော်ကိုယ်တိုင် အချိုတွေ အရမ်းစားရတဲ့ Horror တွေဖတ်တာများပြီး မနေနိုင်လို့ ထရေးဖြစ်တာလေးပါ။

      ပုံစံက ဇာတ်လမ်းတွေအများကြီးကို စုပေါင်းထားတဲ့ ပုံစံမျိုးပါ။ဇာတ်လိုက်က သရဲပုံပြင်တွေထဲဝင်ပြီး သရဲဘုရင်ကို လိုက်ရှာရမယ့်ပုံစံမို့လို့ Horror ဆိုတဲ့ ခေါင်းစဥ်အောက် ဝင်သမျှ မတူညီတဲ့ ဇာတ်လမ်းတွေအများကြီး ပါဝင်ပါမယ်ဗျ။အဓိက စုံတွဲကတော့ လူမပြောင်းပဲ ဒီလူတွေပါပဲ။Yaoi လို့ခေါင်းစဥ်တပ်ထားကတည်းက ယောကျာ်းလေးနှစ်ယောက် ချစ်ကြိုက်တာက အဓိကဖြစ်တဲ့အတွက် Smut ခန်းတွေလည်း ပါကောင်းပါနိုင်ပါတယ်။အများကြီးတော့မဟုတ်ပါဘူး။

      စိတ်ကူးယဥ်ရေးသားတာဖြစ်တဲ့အတွက် အရာရာတိုင်းက ယုတ္တိရှိနေမှာမဟုတ်လို့ ဖျော်ဖြေရေးလို့ သဘောထားပြီး ဖတ်ဖို့ပဲ အကြံပေးပါရစေ။

      အရမ်းကြောက်တတ်တဲ့သူတွေနဲ့ နှလုံးရောဂါရှိတဲ့သူတွေကိုတော့ ချင့်ချိန်ဖတ်ဖို့ပဲ အကြံပေးချင်ပါတယ်။ကျွန်တော်က ဘယ်လောက်ပဲ ပေါ့ပေါ့ပါးပါး ရေးထားရေးထား ကြောက်တတ်တဲ့သူက ကြောက်ကိုကြောက်တာမို့လေ။

    တစ်ယောက်ယောက်အတွက် သိပ်ပြီးကြောက်ဖို့မကောင်းတဲ့ အကြောင်းအရာက တခြားတစ်ယောက်အတွက်တော့ ညအိပ်မပျော်တဲ့အထိ ကြောက်ဖို့ကောင်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

     ပြောချင်တာက လူတစ်ယောက်နဲ့ တစ်ယောက် ကြောက်ပုံကြောက်နည်းချင်းမတူတဲ့အတွက် ဇာတ်လမ်းတွေအကုန်လုံးက ကြောက်ဖို့ကောင်းချင်မှ ကောင်းပါလိမ့်မယ်။တစ်ချို့က ခြောက်ခြားစရာကောင်းမယ် ၊ တစ်ချို့က ခေါင်းစားရမယ် ၊ တစ်ချို့က ရွံဖို့ကောင်းမယ် ၊ တစ်ချို့က စိတ်မောရမယ်။ကျွန်တော် ကြားဖူးနားဝရှိသမျှ စိတ်ကူးမိသမျှ ခြောက်ခြားဖွယ်ရာ ပုံတိုပတ်စလေးတွေကို ချဲ့ထွင်ပြီး ရေးဖွဲ့ပေးသွားမှာပါဗျ။

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now