အပိုင်း - ( 4 ) ပုံပြင်{1}လူပျိုဆောင်မှအငြှိုးဝိဉာဥ် ( 1 )

1.1K 123 8
                                    

Unicode

ပုံပြင် - ( ၁ ) လူပျိုဆောင်မှ အငြှိုးဝိဉာဥ် ( 1 )

         " ဟေ့ကောင် တံခွန် ထ ထ အဆောင်မှူးဆဲနေပြီ ရေချိုးခန်းထဲမှာ ရေတွေလျှံအောင်လုပ်တာ မင်းလား "

       တံခွန် အူကြောင်ကြောင်ဖြစ်ပြီး နာနေသော ခေါင်းကို ဖိနှိပ်လိုက်သည်။ပတ်ဝန်းကျင်ကို သေချာကြည့်တော့ လေးယောက်အိပ်စင်ရှိသည့် စုတ်တီးစုတ်ပြတ် အခန်းလေး တစ်ခုထဲမှာ...

       မဟုတ်သေးဘူး ခုနကလေးတင် ကားထဲမှာလေ...အရင်တစ်ခါ သရဲဘုရင်ကြီးနဲ့တုန်းကလို ထပ်ဖြစ်ပြန်ပြီလို့တော့ မပြောနဲ့နော်...

      တံခွန် မျက်နှာကို ပွတ်သပ်ကာ သူ့ကိုလာနှိုးနေသူကို ကြည့်လိုက်သည်။မျက်လုံးမှေးမှေး အသားဖြူဖြူ မျက်မှန်ဝိုင်းလေးနှင့်...အောက်ပိုင်းမှာလည်း ဘဲရုပ်ဘောက်ဆာအဝါရောင် သာဝတ်ပြီး ဘောင်းဘီလည်းမဝတ်ထားသော ကောင်လေးတစ်ယောက်။

       " ဘာလဲကွာ...ဆူညံနေတာပဲ..."
      
     တံခွန့်ဘေးကုတင်၏ အပေါ်ထပ်မှ အိပ်ချင်မူးတူးအသံတစ်သံထွက်လာသည်။လှမ်းကြည့်လိုက်တော့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ပြည့်ပြည့်နှင့် ကောင်လေးတစ်ယောက် လှေကားကနေ တွယ်ပြီးဆင်းလာတာကို တွေ့လိုက်ရ၏။

     " မော်ကွန်း ဘယ်ရောက်သွားလဲ "

     " မသိဘူးလေ ဆေးလိပ်သွားသောက်တာနေမှာပေါ့ "

     " အာ...ဒီကောင် လုပ်ပြန်ပြီ ခနနေ အဆောင်မှူး လူလာစစ်လို့ ငါတို့အခန်း လူမစုံရင်တော့ ကွိုင်ပဲ "

      တံခွန်အခြေအနေကို နည်းနည်း သဘောပေါက်လာ၏။သူအခုရောက်နေတာ ယောကျာ်းလေးသီးသန့်အဆောင်တစ်ခု ဖြစ်ပုံရသည်။

     သူတို့အခန်းတွင် လူလေးယောက်ရှိကာ တစ်ယောက်ကအပြင်ရောက်နေပြီး ခနနေ အဆောင်မှူးက လူလာစစ်တော့မည်။

     တံခွန် ခပ်တည်တည်ဖြင့် ဝင်ပြောလိုက်သည်။

     " ငါသွားခေါ်လိုက်မယ်လေ "

     နှစ်ယောက်လုံးက တံခွန့်ကို လှည့်ကြည့်လာကြ၏။
    
    " အမယ်...ထူးထူးဆန်းဆန်းပါလား...မင်းနဲ့သူနဲ့  တစ်ခါမှ မတွေ့ဖူးသေးဘူးမလား... "

သရဲဘုရင်ရဲ့ချစ်ဇနီးလေးသရဲခြောက်ခံနေရပြီWhere stories live. Discover now