▪︎ one ▪︎

989 97 23
                                    

[ songs recommend - Seesaw by SUGA (BTS) ]

-

အချစ်ဟာ ​ကော်ဖီတစ်ခွက်နှင့်တူသည်။

​ဖျော်ပြီးခါစ အသင့်​သောက်သုံးနိုင်​တော့မည့်
​ကော်ဖီပူပူတစ်ခွက်ဟာ
အစပိုင်းမှာပင် အပူဒဏ်​ကြောင့် ​
ကော်ဖီရဲ့နှစ်နှစ်ကာကာအရသာကို
ခံစားမိနိုင်လိမ့်မည်။

သို့​ပေမယ့်
အချိန်အနည်းငယ်ကြာမျှသွားသည့်​နောက်
​အေးစက်သွားသည့် ထို​ကော်ဖီခွက်ဟာ
အရသာရှိပါဦးမည်လား..

အချစ်မရှိ​တော့တဲ့ အိမ်​ထောင်​ရေးတစ်ခုဟာ
​​အေးစက်သွားတဲ့ ​ကော်ဖီတစ်ခွက်နှင့်တူသည်။

ခံစားချက်ထူးထူးခြားခြားမရှိ​တော့သည့်
လူနှစ်​ယောက်ကြားမှာ ​အေးစက်​နေရုံမှအပ
​ပြောင်းလဲသွားတာခြင်းမျိုးလည်း မရှိ​ပေ။

နှစ်​ယောက်ကြားတွင်
ချည်​နှောင်ထားသည့် နွယ်ရာတစ်ချို့တို့လည်း
မရှိတာ​ကြောင့် ပိုပြီး​ေ၀းကွာလာကြတာလည်းပါလိမ့်မည်။

တစ်အိမ်တည်းအတူတူ​နေကြသည်ဆို​ပေမယ့်
ကိုယ်စီအလုပ်​နေရာဆီ သွားသည့်သူကသွား

မျက်နှာချင်းဆိုင်ကြသည့်အချိန်ဆိုလို့
မနက်ခင်း မနက်စာအတူစားသည့်အချိန်သာ
ဖြစ်ပါလိမ့်မည်။

သို့​ပေမယ့်လည်း ထိုအချိန်​လေးမှာ​တောင်
သူတို့ အချိန်စိ​အောင်
မျက်နှာချင်းဆိုင်ကြသည်က
ရှားပါးလွန်းပါသည်။

ဂျယ်ယွန်း..သူ့​ရှေ့​မှောက်၌
​အေးစက်​နေပြီဖြစ်တဲ့ ​ကော်ဖီခွက်နှစ်ခွက်ကို
ကြည့်ရင်း ၊ တစ်ပြိုက်နက်
​ကျောခိုင်းသွားတဲ့ ​ကျောပြင်တစ်ခုကိုလည်း
လှမ်းကြည့်​နေခဲ့သည်။

ဂျယ်ယွန်းရဲ့မျက်၀န်း​တွေဟာ
အလွန်မှ၀မ်းနည်းစရာ​ကောင်း​နေတယ်။

တစ်စုံတစ်ခုကို ကျရှုံး​နေသလိုမျိုး
သူ့မျက်၀န်းလှလှ​တွေနဲ့မလိုက်ဖက်​အောင်ကို
နာကျည်း​နေခဲ့မိတယ်။

ကိုယ် အခုတကယ်ပဲ
မင်းကိုလက်လွှတ်​ပေးလိုက်ရ​တော့မှာလား ​မောင်ရယ်။

​ဆောင်းဟွန်းနဲ့ဂျယ်ယွန်းတို့ဟာ
အိမ်​ထောင်သက်တမ်း ၇နှစ်​ကျော်ပြီဖြစ်သည်။

▪︎ 𝖡𝗎𝗍𝗍𝖾𝗋𝖿𝗅𝗒 ▪︎ sᴜɴɢᴊᴀᴋᴇWhere stories live. Discover now