▪︎ two ▪︎

577 82 21
                                    

"ဟင်းးး..."

သက်ပြင်းချသံဟာ ဘယ်နှကြိမ်မျှလဲ
သူ မသိ​တော့ပါ။

ပုံမှန်အတိုင်းသွား​နေသည့်
မိနစ်​တွေ စက္ကန့်​တွေ အချိန်​တွေက
ယခုမှ ကြာရှည်​နေသည်အလား

ဒီ​နေ့ညတာဟာ အလွန်မှရှည်လျား​​နေသည်။

တိတ်ဆိတ်​နေသည့် ထိုညမှာလည်း
အရင်​နေ့​တွေနဲ့ခြားနားစွာ
ပို၍ ​ခြောက်ကပ်နေ​သေးသည်။

ထို့အပြင် ​ဘေး၌လွတ်​နေသည့်
​နေရာတစ်​နေရာကလည်း
ထို​နေ့ညတာရှည်ခြင်းရဲ့
အဓိကအ​ကြောင်းအရာအဖြစ်
​​ဖော်ပြ​နေတယ်။

လွတ်​နေတဲ့ ထို​နေရာကို
လက်နဲ့စမ်းမိရင်း
ထို​နေရာရဲ့ပိုင်ရှင်ကို
​ဆောင်းဟွန်း ​တွေးမိသွားတယ်။

အခုဆို ဂျယ်ယွန်းတစ်​ယောက်
အိမ်က​နေထွက်သွားတာ ၂ရက်ရှိပြီဖြစ်သည်။

ထွက်သွားသည့်​နေ့ကတည်းက
ဘယ်​နေရာမှာမှလည်းရှာလို့မရခဲ့သလို
ဆက်သွယ်လို့လည်းမရခဲ့ပါ။

အဲ့​နေ့ညက ဂျယ်ယွန်းကသူ့ကို
ကွာရှင်းဖို့​ပြောတယ်။
လက်မခံတဲ့သူ့​ကြောင့်
စကားစ​တွေလွန်ကုန်ကြကာ
အ​ချေအတင်ဖြစ်လာကြပြီး
ဂျယ်ယွန်းကအရင် အိမ်က​နေထွက်သွားခဲ့တယ်။

​ဒေါသကိုထိန်းချုပ်မရတဲ့အချိန်​ကြောင့်
ဂျယ်ယွန်းအ​နောက်ကို ချက်ချင်းလိုက်မသွားမိခဲ့။

အသိပြန်၀င်လာတဲ့အချိန်
အ​ပြေးလိုက်ရှာခဲ့​ပေမယ့်လည်း
ဂျယ်ယွန်းကို အစအန​တောင်မ​တွေ့ရ​တော့​ပေ။

ဘယ်ကိုများ​ရောက်​နေတာလဲ ဂျယ်ရယ်..

အမှန်​တော့ ​ဆောင်းဟွန်းအဲ့ဒီ​နေ့က ​
နောက်ကျချင်လို့​နောက်ကျခဲ့တာ မဟုတ်ခဲ့ပါဘူး။

ည​နေ ၆နာရီအတိ​စော​စောပြန်မလို့ လုပ်ထားခဲ့​ပေမယ့် ​နောက်ထပ်၂နာရီ​လောက်အထိဘဲ ဂျူတီအစား၀င်​ပေးပါလို့ လုပ်​ဖော်ကိုင်ဖက်ဆရာ၀န်က အကူညီ​တောင်းတာ​ကြောင့် ​ဆောင်းဟွန်းလည်း ၂နာရီ​လောက်နဲ့ ​နောက်မကျပါဘူးဆိုကာ ကူညီ​ပေးခဲ့တယ်။

သို့​ပေမယ့် ကံကြမ္မာဟာ
သူ့အ​ပေါ်ကို အခုလိုပြစ်ဒဏ်ခတ်လိုက်သည်လား

▪︎ 𝖡𝗎𝗍𝗍𝖾𝗋𝖿𝗅𝗒 ▪︎ sᴜɴɢᴊᴀᴋᴇWhere stories live. Discover now