တိုက်ခတ်နေတဲ့ လေတွေဟာ
သူ့ခန္ဓာကိုယ်ဆီသို့
တစ်ဖြည်းဖြည်း တိုးဝှေ့လာသည်မို့
ကျောဘက်တစ်နေရာမှာ စိမ့်ခနဲ။တစ်ချက်တည်း ခန္ဓာကိုယ်ငယ်လေးမှာလည်း
တွန့်တွန့်သွားတတ်သေးသည်။ရေလှိုင်းတွေကလည်း ဒလက်ဟောနဲ့ ၊
၀ူး၀ူးဝါးဝါးအသံတွေမှာလည်း
သူ့နားထဲကို အကြိမ်ပေါင်းများစွာရိုက်ခတ်လျက်။ကမ်းစပ်နားတစ်နေရာလေးမှာပင်
ထိုင်နေခဲ့မိသည်မို့
အနည်းငယ်စိုစွတ်နေတဲ့
သဲသောင်ပြင်မှာလည်း
သူ့ကိုအအေးဓါတ်တို့ ပိုမြှင့်တင်ပေးနေသယောင်။မနီးမဝေးတွင်မှာပဲ
လူအနည်းငယ်တစ်စုတစ်စုဆီ
ရှိနေကြသကဲ့သို့ ၊
အရာအားလုံးဟာ သူတို့ရပ်၀န်းနဲ့သူတို့
တသီးတစ်ခြားစီသာ ရှိနေကြလေသည်။သူကတော့တစ်ယောက်တည်း..
အဆုံးမရှိတဲ့ ပင်လယ်ပြင်ကျယ်ကြီးအား
အဓိပ္ပါယ်မဲ့စွာ ငေးမောနေခဲ့တယ်။ထိုပင်လယ်ပြင်ကြီးလိုဘဲ
သူလည်း တစ်စုံတစ်ယောက်ကို
အဆုံးမရှိတဲ့ချစ်ခြင်းတွေနဲ့အတူ
ချစ်မိခဲ့ဖူးပါသည်။အရာအားလုံးပြီးဆုံးသွားပြီလို့
သတ်မှတ်လိုက်တဲ့အချိန်ကနေစလို့
သူတစ်ယောက်တည်း အဝေးတစ်နေရာကို
ထွက်ပြေးရင်း နေဖြစ်ခဲ့တယ်။ရူးကြောင်တာလား ၊
ရင်ဆိုင်ဖို့ သတ္တိမရှိတာလားဆိုတာ
သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မနေတော့ဘူး။အသိစိတ်၀င်လာတဲ့အချိန်မှာ
သူသိလိုက်ရတာတစ်ခုတည်းက
သူ အရမ်းပင်ပန်းနေပြီဆိုတာဘဲ။လူတစ်ယောက်ကို ချစ်ရတာက
ပင်ပန်းတယ်လို့လည်းမဆိုလိုပါဘူး။ဒါပေမယ့် အသွားအပြန်မရှိတော့တဲ့
ချစ်ခြင်းမေတ္တာတွေဟာ
ပေးဆပ်နေရသူအဖို့မှာတော့
သိပ်ကို ဝမ်းနည်းဖို့ကောင်းသည်မဟုတ်လား။ချစ်ရင် စောင့်နိုင်ရမှာပေါ့တဲ့။
ဒါပေါ့ လူတစ်ယောက်ကိုချစ်ရင်
သူ့ဘက်က ပြန်ပြီးအချစ်တွေပေးလာတဲ့အထိ စောင့်နေရမှာပေါ့။
YOU ARE READING
▪︎ 𝖡𝗎𝗍𝗍𝖾𝗋𝖿𝗅𝗒 ▪︎ sᴜɴɢᴊᴀᴋᴇ
Fanfictionမင်းက လိပ်ပြာတွေနဲ့တူတယ် မောင်..။ ထိတွေ့ဖို့ကြိုးစားလိုက်တိုင်း မင်းက ထွက်ပြေးသွားမှာကိုဘဲ ကိုယ် အရမ်းကြောက်နေရတယ်။ Park Sunghoon × Sim Jaeyun SUNGJAKE ° [ HIATUS ] !!