ကျွန်မနဲ့လေဒီ

3.3K 241 5
                                    

စာရွက်ခေါက်လေး အပြာရောင်စာရွက်ခေါက်လေး သူမထိုင်နေကြ စားပွဲပေါ်ရောက်လို့နေသည်

နွယ်လည်း သူများကျန်ခဲ့တာဖစ်မည် ထင်ကာ ဖွင့်မကြည့်

နောက်နေ့ကျ အနီရောင်စာရွက်လေး
နောက်ထပ်တစ်နေ့ အဝါရောင်စာရွက်
နောက်ထပ်တစ်နေ့ ပန်းရောင် အဖြူ အစိမ်း ခရမ်း စသည်ဖြင့် တြိဂံပုံစံစာရွက်များ မြင်နေတာများလာတော့ သူမ ဖွင့်ကြည့်နေမိတော့သည်

စာထဲမှာ ခပ်စောင်းစောင်းလက်ရေးများကအမြဲဒီလိုရေးထားသည်

Moment silent bakery and coffee bar......
Address-library corner......,etc

"လိပ်စာဘဲ ဒီနားအနီးနားဘဲဖစ်ရမယ် ဘာလို့များ နေ့တိုင်းဒီလိုဟာတွေ ဒီမှာရှိနေရတာလဲ"

သူမလည်းသိချင်စိတ်ဖြင့် စာကြည့်တိုက်မှ အပြန်ကိတ်မုန့်ဆိုင်လေးဆီဝင်တော့သည်

တကယ်ကိုမှင်သက်စရာပါဘဲ ဆိုင်အပြင်နံရံနှစ်ဖက်လုံးကို စက္ကူပန်းတွေနဲ့ အပြည့်ဖုံးအုပ်ထားသည်
ဒီလိုတော်တော်ပြင်ဆင်ယူရမှာဘဲ

ဝင်လာလိုက်တဲ့အချိန်ခပ်သေးသေးလို့ထင်ပေမဲ့ အနောက်မှာ အတော်ကျယ်ဝန်းကာ ရှည်လျားသည်
သပ်ရပ်စွာလုပ်ထားပုံက တကယ်ကိုစိတ်ကူးကောင်းသည်

အထူးသဖြင့် ဧည်သည်တွေ စားပွဲတစ်ဝိုင်းနဲ့တစ်ဝိုင်းကြားမှာ ခပ်ကွေးကွေး စာအုပ်စင်ကြီးတွေထားရှိထားသည်

ဧည့်သည်များကိုကြည့်တော့ ကော်ဖီနဲ့မုန့်လာစားသူထပ် စာအုပ်လာဖတ်သူပိုများမည်ထင်စာကြည့်တိုက်ထပ်ပင်တိတ်ဆိတ်နေသည်

စာကြမ်းပိုးဖစ်တဲ့နွယ့်အတွက် ဒီဆိုင်ကို ချက်ချင်းသဘောကျသွားသည်

သူမထိုင်ပီးပီးချင်းမှာဘဲ ကော်ဖီတစ်ခွက်လာချသည်

"အစ်မ ညီမ မှာမထားဘူး"

"ဟုတ်လား မသိပါဘူး ဒီညီမအတွက် ကော်ဖီမှာသွားပေးလို့လာချတာ အရသာရှိရှိသုံးဆောင်ပါနော်"

သူမ တစ်ချက်တွေခနဲ ဖစ်သွားပီးမှ ကော်ဖီကိုကြည့်လိုက်သည်
သူမသောက်နေကြ မိုခါးကို ချောကလက်များများနဲ့ဖျော်ထားခြင်းဖြစ်သည်

ကျွန်မနဲ့လေဒီWhere stories live. Discover now