Part 10

5.6K 221 4
                                    

#❤Daddyမလိုချင်တော့တဲ့အခါ ကြွေက အလိုက်တသိနဲ့ထွက်သွားပေးမှာပါ  ချစ်ရသူပင်ပန်းမှာ မလိုလားပါ❤#

#❤အင်း အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ကိုယ်မင်းကို တွေ့မှ သိခဲ့ပြီ အလုပ်တွေလုံးချာပတ်ချာလိုက်နေတဲ့ သံပတ်ရုပ်လို ဖြစ်ခဲ့ဖူးတဲ့ ကိုယ့်ကို ပြန်သာ ရိုက်ပစ်ချင်တယ် ကလေးလေးနဲ့ စောစောတွေ့ခဲ့ရမှာ❤#


တော်ဝင် ပန်းခြံထဲတွင်ထိုင်ငေးနေသော ကလေးလေးအား ကြည့်၍ စိုင်းအား

"စိုင်း ရန်ကုန် ပြန်ဖို့ပြင်ထားလိုက်တော့"

" ဟုတ် ဘော့စ် "

တော်ဝင် ကလေးငယ်အား အတိတ်ဆိုးတွေထဲမှ ဆွဲထုတ်ချင်လေသည် ထို့ကြောင့် ထိုမြို့မှ ထွက်ခွာရန် လုပ်ရလေတော့သည် ကိုယ့်ချစ်ရသူလေး မျက်နှာငြိုးမှာမခံစားနိုင်ပါ 
ဟိုရောက်လျှင် ကလေးအတွက် ပျော်စရာတွေပဲရှိအောင် တော်ဝင် ကြိုးစား လုပ်ရမည်  အခုတော့ ကလေးအား အအေးမပတ်စေရန် သွားခေါ်ရတော့မည်

ဖေဖေအတွက် ကြွေ တစ်ခုခုလုပ်ပေးချင်သည် သို့သော် မိမိတွင် ပါလာသော အရာများသည် ထိုရောင်စဉ်ရွာတွင်သာ ကျန်ခဲ့လေသည် သူကြီးကရော ကြွေတို့အား မျှော်နေမလား  သစ်ပင်ဖြူကြီးကရော ကြွေတို့အား တံခါးဖွင့်ပေးဖို့စောင့်နေမလား ရွာကလူတွေကရော ကြွေတို့ပျောက်သွားတာ သိပါ့မလား  ဖေဖေ ကရော ကြွေ့အားထားခဲ့၍  စိတ်မချဖြစ်၍နေလား   ‌မေမေနှင့်တွေ့၍ ‌‌ကြွေ့အား မေ့နေပြီလား ဖေဖေသည် ကြွေ့ဘေးနား မရှိတော့သည်အား တွေးမိလျှင်  အခုထက်ထိ ခံနိုင်ရည် မရှိသေး ဆွေမျိုးတွေနဲ့  နေချင်ပြီဆိုတဲ့ ဖေဖေ့ဆန္ဒအား ကြွေ မဖြည့်ဆည်းပေးနိုင်ခဲ့ပြန်ဖူး ကြွေသာ ထွက်မပြေးခဲ့ရင် အခုချိန်‌ဆို ကြွေ့နေရာမှာဖေဖေဖြစ်နေလောက်ပြီ  အမျိုးတွေနဲ့လည်း ပျော်နေလောက်ပြီ  တွေးလေတွေးလေ ယောကျာ်းမတန်စွာ မျက်ရည်များစီးကျလာပြန်သည်   ငိုနေရင်း ကြွေ့အား ရင်ခွင်တစ်ခုထဲသို့ ဆွဲသွင်းသည်ကို  ခံစားရလိုက်လေသည်  တွေ့တာ မကြာသေးပေမယ့် ကြွေ့အား ချစ်သည်ဆိုတဲ့ ထိုလူ့ ကိုယ်သင်းရနံ့အား ကြွေ အလွတ်ရနေမိပြီ  

ကြွေငယ်( Complete ❤)Where stories live. Discover now