လေ့ကျင့်ရေးကွင်းမှလူငယ်များ လှုပ်လှုပ်ရွရြွဖစ်နေကြ၏။ အကြောင်းရင်းမှာ သူတို့ရဲ့ တစ်မိုးအောက် တောင်မှ တစ်ယောက်ထွန်းချင်မှထွန်းတဲ့ သူတို့ရဲ့သခင်ကြီးက ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကို ချီပြီးခေါ်လာတာမဟုတ်လား တွေးနေကြရင်း လေ့ကျင့်သားတစ်ယောက်က
"ကမ္ဘာတစ်ဝန်းကအတော်ဆုံးသတင်းထောက်တွေ မလိုက်နိုင်တဲ့ သတင်းကို သူတို့မျက်နှာမပျက်အောင် ငါတို့က လိုက်ပေးရမယ် "
"ဟုတ်တယ် ဒီကမ္ဘာမှာဒီသတင်းကအရေးမကြီးဘူးဆိုရင် ဘယ်သတင်းကအရေးကြီးမလဲကွ "
"သေချာပေါက် ဘော့စ်က အရေးကြီးဆုံးပဲ"ပြောတဲ့သူကပြော ထောက်ခံသူကထောက်ခံနေကြလေသည် ဘယ်လိုနေနေ သူတို့လိုတစ်ကောင်ကြွက်တွေကို အလုပ်တွေပေးကာ စောင့်ရှောက်ပေးခဲ့တာမဟုတ်လား သူတို့အကုန်လုံးကထောင်ထွက်တွေဆေးသမားတွေ အပေါင်းအသင်းတွေမှားတာကြောင့်ထောင်ထွက်တေဖြစ်ကုန်ကြရတာမလား ဘယ်လိုဖြစ်ဖြစ် ဘော့စ်က သူတို့တွက်တော့ ကိုးကွယ်ရာပင်
တော်ဝင် အိပ်ရာပေါ်မှ လူသားလေးအားကြည့်နေမိပါသည် ဘယ်လိုတောင်လှရက်လွန်းလဲဆိုတာ တော်ဝင်သာလျှင်သိလိမ့်မည် အနက်ရောင် ခပ်အုပ်အုပ် ဆံကေသာလေးရယ် မျက်တောင်စင်းစင်းလေးရယ် နှာခေါင်းလုံးလုံးလေးရယ် တဖန် ပါးမဖောင်းတဖောင်းလေးပေါ်က ပလာစတာကပ်ထားသော အရာလေးအားမြင်မိတော့ တော်ဝင့်စိတ်တို့က ထိန်းမရ ဒီနုနယ်လွန်းလှတဲ့ကလေးကို ဘယ်သူကများလုပ်ရက်တာလဲ သေချာတာကတော့တော်ဝင်သိလျှင် ထိုလူအား သေတာထက်ပိုဆိုးတဲ့ဘဝကိုပေးမည် တော်ဝင်အချစ်စစ်ဆိုသည်မယုံဘူးဆိုတဲ့ အယူဟာ ထိုကလေးငယ်ရှေ့ရောက်တော့ ကြက်ပျောက်ငှက်ပျောက် ထိုလူသားလေးဟာ တော်ဝင်နဲ့ဘယ်လောက်ဝေးနေပါစေ တော်ဝင်က ထိုလူသားလေး အနားတိုးလာမည် ထိုလူသားလေးအား ပင်ပန်းခံခိုင်းမည်မဟုတ်
တော်ဝင် ကလေးငယ်အကြောင်းစုံစမ်းခိုင်းရန် အခန်းပြင်သို့ထွက်လာလေသည်
အပြင်ဘက်တွင်အသင့်စောင့်နေသော စိုင်းမှ"ဘော့စ် ဟိုကလေးအကြောင်းပါ "
စိုင်းပြောလိုက်ခါမှ ဘော့စ်က အဘယ်ကြောင့်ရယ်မသိ မျက်မှောင်ကြုံလေသည်
BẠN ĐANG ĐỌC
ကြွေငယ်( Complete ❤)
Lãng mạn"တော်ဝင်" ကိုယ့်ဆီမှာ ကလေးလိုချင်တာ အကုန်ရှိတယ် ကလေးသာ ကိုယ့်နားကထွက်မသွားနဲ့" "ကြွေ" "အာ့ဆို Daddyပိုက်ဆံတေ ကြွေငယ်ကသုံးပေးမယ်"