အရင်နေ့တွေကထပ် အိမ်ပြန်ချိန်နောက်ကျတာမို့ ညအချိန်သည် 12နာရီလောက်ဖြစ်လို့နေသည်။
မီးအလင်းရောင်တွေဖြာကျနေသည့် လမ်းမကြီးကဒီနေ့ညမှ လူအသွားအလာပြတ်လပ်နေသလိုပင်။ ကွန်ဒိုကိုအမြန်ပြန်ရောက်ရန်သာ ခေါင်းထဲထည့်ထားသည်မို့ ခပ်သွက်သွက်သာလမ်းလျှောက်နေရသည်။သို့ပေမဲ့ခြေသံသည် သူ့တစ်ယောက်ထဲရဲ့အသံမဟုတ်တာကိုသတိထားမိတော့ ကြက်သီးတွေပင်ဖြန်းခနဲထသွားစေသည်။ လူသူပြတ်လပ်နေတာကြောင့် မကောင်းတဲ့လူဖြစ်ဖို့ဆိုတာက ရာနှုန်းပြည့်မှန်နေပါသည်။
ကြောက်စိတ်ကြောင့်ခြေလှမ်းတွေကို ပုံမှန်ထပ်မြန်လိုက်တော့ သူ့နည်းတူနောက်ကလူရဲ့ခြေသံတွေဟာလည်းမြန်လာလို့နေသည်။ အသက်ငယ်ငယ်လေးပဲရှိသေးတာကြောင့် သူမသေချင်သေးပါ။
ဘာပဲဖြစ်လာလာရင်ဆိုင်ဖို့အတွက် ခြေလှမ်းတွေကိုတိခနဲရပ်ချလိုက်သည်။ ကြောက်ကလဲကြောက်နေသည်ကြောင့် မရဲဝံ့စွာအနောက်ဘက်ကိုလှည့်ကြည့်လိုက်သည်။
ထိုလူသည်လဲသူ့အတိုင်းပဲရပ်လိုက်သည်။ ဆံပင်ရှည်ခပ်အုပ်အုပ်နှင့် Maskတပ်ထားသည်ကြောင့် မျက်နှာအားသေချာမမြင်ရပေမဲ့ခေါင်းအစခြေအဆုံးအနက်ရောင်တွေဖြင့် ဝတ်ဆင်ထားသူသည် ကျောချမ်းဖွယ်ရာပုံစံဖြစ်နေသည်။ ညာဘက်လက်တွင်လဲတက်တူးကို အပြည့်ထိုးထားသူသည် မသိရင်ဂိုဏ်းတစ်ခုခုကပုံစံဖြင့်။
ကြောက်နေတဲ့စိတ်အားမနည်းမျိုချကာ အရှေ့ကလူအားစကားစလိုက်သည်။
"ဟိုလေမင်းကဘယ်သူလဲမသိပေမဲ့ ဘာလို့ငါ့နောက်ကိုလိုက်နေတာလဲဟင် သူခိုးလား၊ ဓားပြလား၊ နှာဘူးလား ဘယ်သူလဲတော့မသိပေမဲ့ ကျွန်တော့်အသက်ကိုတော့ချမ်းသာပေးပါ ပစ္စည်းတွေကိုလည်းချမ်းသာပေးပါ တန်ဖိုးကြီးတဲ့ဟာလည်းပါမလာပါဘူး။ ကျွန်တော်ကအသက်ငယ်ငယ်လေးပဲရှိပါသေးတယ် အီးဟီး"
ရုတ်တရက်ထငိုလိုက်တာကြောင့် ည12နာရီအချိန်သည်လမ်းတွင်မည်သူမျှရှိမနေသောကြောင့် တော်တော်ပင်ကျယ်လှသည့်အသံဖြစ်သည်။
"ဟာ! ဟိတ် ဘာလို့ငိုတာလဲဗျ ကျွန်တော်ဘာလုပ်လို့လဲ"
"မသိဘူးလေ မင်း...မင်းကငါ့နောက်အတင်းလိုက်နေတာကို"
"ဗျာ ကျွန်တော်ကလား?"
အရူးကွက်နင်းပြီးပြောလာသည့်စကားကြောင့် စိတ်တွေပင်တိုသွားရသည်။ မသိရင်သူကပဲအတင်းစွပ်စွဲနေသည့်ပုံဖြင့်။
"ဒီမှာဗျ!! ကျွန်တော်နဲ့အဲ့ဘက်ကလူနဲ့နှစ်ယောက်တည်းရှိနေတာကို အဲ့ဘက်ကိုမပြောလို့ ဘယ်သူ့ကိုပြောရမှာလဲ"
"မဟုတ်... ကျွန်တော်ကဒီတိုင်းပဲကွန်ဒိုကိုပြန်နေတာပါ ခင်ဗျားနောက်လိုက်နေတာမဟုတ်ပါဘူး"
"ဟင်... အဲ့တာဆိုမင်းကဘာလို့ ငါလမ်းလျှောက်သလို အမြန်လိုက်လျှောက်နေရတာလဲ"