S2 [ 1 ]

295 46 40
                                    

Kanemoto အိမ်တော်ကြီးတွင် လူများက ဂနာမငြိမ်ဖြစ်လျှက် ...

ဘာလို့ဆို Kanemoto သခင်လေးဖြစ်သူ Kanemoto Kentano ၏ မိန်းမဖြစ်သူက သားဦး ဖွားမြင်လာတော့မည် ...

ထူးခြားချက်က Kentano ရဲ့ မိန်းမဖြစ်သူက ကိုယ်ဝန်မရခင်မှာ ဝမ်းကွဲအကိုဖြစ်သူကို Kanemoto Yoshinori အား အိပ်မက် မက်ခဲ့သည့်အပြင် အခု မွေးဖွားမည့်ရက်ကလဲ May 15 ... အကို့ရဲ့ မွေးနေ့မှာပင်ဖြစ်သည် ...

ထို့ကြောင့် မွေးလာခဲ့ရင် Kanemoto Yoshinori ဟုပင် ပေးဖို့ ဆုံးဖြတ်ထားသည် ..

Kentano ဟာ မွေးခန်း‌ေရှ့မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် ဂနာမငြိမ်နိုင် ... မွေးခန်းထဲက nurse မ တစ်ယောက်ထွက်လာကာ ပြုံးရင်း ပြောလာသည် ...

"သားလေးမွေးပါတယ်ရှင် ... မိခင်ရော ကလေးရော ကျန်းမာပါတယ်"

"ဟား ... တော်သေးတာပေါ့ကွာ"

Kentano အခုမှ စိတ်ဒုန်းဒုန်းချနိုင်ကာ ရယ်မောနိုင်တော့သည် ...

"အကို ... ငါ မင်းကို ဒီတစ်ခေါက်တော့ ဘဝမှာ အကြာကြီးနေနိုင်အောင် ငါကြိုးစားမယ် ... မင်း ငါ့ဆီမှာ ငါ့သားအဖြစ်ဝင်စားလာတာကိုကျေးဇူးတင်ပါတယ်"
______________________________________

၁၉ နှစ်အကြာ ...

Kobe , Japan....

နွေဦးရာသီမို့ ညဘက်မှာတောင် ‌ရာသီဥတု သာယာနေပေမယ့် Kanemoto အိမ်တော်မှာတော့ အခြေအနေပြင်းထန်နေလေသည် ...

"မင်းဒီစကားထပ်ပြောမယ်ဆို ငါ မင်းကို အခန်းထဲ ထည့်ပိတ်ထားရလိမ့်မယ်"

Kentano ရဲ့ အော်ငေါက်ချက်ကို အရှေ့က ဆံပင် ရွှေဝါရောင်နှင့် ကောင်လေး (သို့) Yoshi က လက်မခံနိုင်ပဲ ပြန်အော်ပြန်လိုက်သည် ..

"ဘာလဲ ? ဘာလို့လဲ? Korea ကို သွားရမှာ အဲ့လောက် ဘာလို့ကြောက်ကြတာလဲ... ဟမ်? အဖေတို့ လူများသတ်ခဲ့လို့လား... အကြွေးတွေဆပ်စရာများရှိလို့လား?"

"မင်း သောက်ပါးစပ်ကို ပိတ်လိုက်စမ်း .. ဘာမှမသိပဲ မင်းစွတ်ပြောမနေနဲ့ ... "

" ဘာမှမသိဘူးဆို သိအောင် အကြောင်းရင်းကို ပြောပြလေ ? မပြောရင်တော့ ကျွန်တော်က သွားမှာပဲ ... လေယာဉ်လက်မှတ်လဲ ဝယ်ပြီးသား"

We'll Meet AgainWhere stories live. Discover now