1 (Z)

99 6 0
                                    

Bd Present for- CherryOo901

Molemvasiaဟာ တောင်တန်းတွေ ဝန်းရံထားသည့် မြို့တော်ကြီးတစ်ခုဖြစ်သည်..ပတ်ချာလည် ဝန်းရံထားသည့်တောင်တန်းတွေကြောင့်  Molemvasiaဟာ အကာကွယ်ခံ မင်းသမီးလေးနှယ်

သို့သော်.. နူးညံ‌ပျော့‌ပြောင်းဟန် မရှိပါပဲကျောက်တုံးများနှင့်တည်ဆောက်ထားသည့်မြို့ကြီးဟာ ခိုင်ခံမှု၏ အသွင် သဏ္ဌာန်ကို ဖော်ကျူးနေ၏ ..သဘာဝ အတားအဆီးတွေအပြင်  မြင့်မားသည် တံတိုင်းမျာနှင့်ကာရံထားပီး ဘုရင်ခံ‌လက်အောက်တွက် အေးချမ်းစွာတည်ရှိနေသည်

ပြတင်းကိုကျော်ကာ နယ်ဆန့်နေသော Haruto ၏ အတွေးတို့ကို

"Ruto ya..အဆင်သင့်ဖြစ်ရင် သွားရအောင်"

ဆိုသော အခန်းတံခါးထုကာ ရှေ့ကနေအော်နေသည့်Hyunsuk hyung အသံက ဖျက်စီးလိုက်သည် ။ Jihoon hyung နဲ့ အနေကြာလို့ထင်တယ်..တဖြည်းဖြည်း  စိတ်ကမရှည်တတ်တော့ဘူး..

သွက်လက်ပေမဲ့ စိတ်ရှည်သော Haruto နဲ့မတူစွာပဲ အကိုနှစ်ယောက်စိတ်က သူတို့လက်ချောင်းတွေလောက်‌‌တောင်မရှည်ပေ

ဆက်ထု‌‌နေရင်င်  တံခါးကျိုးမှာ စိုးရသည်မို့   "လာပီ လာပီ"ဟုသာ အမြန်အော်လိုက်ရ၏.. သို့သော် တံခါးမှာချိတ်ထားသည့် musical notes စာရွက်ကလေးတွေတောင် ပြုတ်ကျလာသည်အထိ ဆက်ထုနေ၏..
"လာပါပီဆို Hyung ရယ်"

အိတ်ထဲသို့  lamellaphoneလေးကို ထည့်ကာ အမြန်ပြေးထွက်ခဲ့၏..  ဤအခန်းလေးသို့ ပြန်မလာရတော့မှန်း Haruto သိခဲ့ပါလျှင် အခန်းငယ်နှင့် တူရိယာများကို မြတ်နိုးစွာငေးကြည့်နေခဲ့အုန်းမှာ



နှစ်စဉ်နှစ်တိုင်း  ယခုကဲ့သို့ဆောင်းဦးရာသီတွင် အနောက်မြောက်ဘက်တောသို့သွားကာ ထင်းစုဆောင်းနေကြ ..လုံလုံလောက်လောက်စုထားပါမှ ‌အရိုးခိုက်မတတ်အအေးဓာတ်တို့ကို အံတုနိုင်မည်ကိုး

"Hyung  တို့ ကျွန်တော်  အရှေ့ခြမ်းကောက်လိုက်မယ်နော်"

Haruto စကားကို Jihoon hyung ကမော့ကြည့်ရင်း 
"ဒါလေး ဆွဲထား ruto" ဟုဆိုကာ အဝိုင်းပြားလေးပေါ်မှာ အစီအရင်အချို့ရေးထိုးထားသည့်  ဆွဲကြိုးလေးကို လာဆွဲပေးသည်

SACRIFICE Where stories live. Discover now