Fiction တစ်ခုလုံး author စိတ်ကူးတွေဖြစ်တာကြောင့ Don't Take It Seriously ပါရှင့်
ရင်ခွင်ထဲတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် ruruအား Jeongwoo ငေးကြည့်နေမိသည်
စင်းကျနေတဲ့မျက်တောင်လေးတွေဟာ အနုပညာတစ်ရပ်အလား.. ခပ်စူစူထွက်နေသည့် နှုတ်ခမ်းပါးလေးကို လက်နဲ့ အသာထိမိတော့ အအိပ်ဆတ်တဲ့ ruru ဟာ မျက်လုံးလေးတွေ ပွင့်ဟလာသည်
"မောင်~~"
"အွန်း.. မောင်ရှိနေတယ် အိပ်နော်"ခေါင်းလေးနှစ်ဆင့် ငြိမ့်ပြပီး ပြန်အိပ်သွားသည်။ ခနကြာတော့ ရင်ခွင်ထဲက ခေါင်းကလေးထောင်လာပီး
"အိပ်ချင်တော့ဘူး"
"တောင်းပန်ပါတယ် မောင့်ကြောင့် နိုးသွားတာ"
"နိုးနိုးနိုး"
"ကြယ်ကြည့်မလား"
"အွန်း!!"Jeongwoo ရဲ့ အားနည်းချက်ဟာ ထိုကြည်တောက်တောက် မျက်ဝန်းလေးတွေသာ.. ထိုကောင်ငယ်အား ပွေ့ချီကာ လေသာဆောင်တက်ခဲ့လိုက်၏..
အုတ်ဘောင်အစွန်းမှာထိုင်ကာ ပေါင်ပေါ်သာတင်ထားလိုက်ရင်း ရင်ခွင်ထဲသာ ထည့်ထားလိုက်၏။ ချစ်ဖို့ကောင်းသလောက် အရပ်ရှည်တာမို့ နည်းနည်းတော့ အဆင်မပြေ
"အောက်ဆင်းချင်တယ် မောင်"
"မဆင်းနဲ့ "
"ဆင်းချင်တာဆို!"
" မဂျစ်နဲ့ "
"ဟွန်း!! "နှုတ်ခမ်းလေး သိသိသာသာထော်လာတာမို့ အနမ်းလေးနဲ့ ပြန် ဖိကပ်ပေးလိုက်သည်
"မောင်!"
"ဗျ "
"Vampire လည်ကြီး"Jeongwoo စိတ်လိုလက်ရ ရယ်ရင်း ထိုလူသားငယ် ဆံနွယ်လေးတွေကို ပွတ်သပ် ပေးနေမိသည်
"မောင် ဟိုးကြယ်က ဘာကြီးလဲ"
လက်ညှိုးလေးထိုးကာ မေးလာသူလေး..
"မောင် ဘယ်သိမလဲ?"
"မောင်ကလဲ နှစ်တစ်ထောင်ကျော်တောင် နေနေပီးဘာမှလဲမသိဘူး'
"ဘယ်သိမလဲ မောင်က မောင့်ကြယ်ကလေး ruruကိုပဲသိတာလေ"လက်ကို ဖွဖွလာရိုက်သည့် ruruက မြတ်နိုးချင်စရာ..
"ဒါနဲ့ lamellaphoneနားထောင်မလားမောင်"
lamellaphone(Thumb Piano)
YOU ARE READING
SACRIFICE
FanfictionVampire ခေါင်းေဆာင်အား ချစ်ကျွမ်းဝင်မိခဲ့သည့် လူသားတစ်ဦး... Jeongharu