သူ 🦋

1.6K 123 24
                                    

One Shot

'သူ' သူ့ကိုစတွေ့ခဲ့တာဒီဇင်ဘာရဲ့
လလယ်လောက်မှာ ဆိုးလ်မြို့ကလမ်းမထက်မှာရေပြင်ညီလိုမျက်နှာထားနဲ့လမ်းတစ်ဖက်ကနေကျွန်တော်ရှိတဲ့ဘက်က
မီးပျွိင့်ကိုရပ်ကြည့်နေခဲ့တာ
တစ်ခြားသူတွေလမ်းကူးလာချိန်ထိလဲ
'သူ'မလှုပ်ပဲရပ်နေတုန်း

ပန်းချီပြခန်းကိုပန်းချီအပ်ဖို့ချိန်းထားတဲ့အချိန်လဲနောက်ကျနေပြီမို့
ကျွန်တော်သူ့ဆီကအာရုံလွှဲကာ
တစ်ဖက်က'သူ'ရှိတဲ့
ကားလမ်းဘက်ကိုကူးသွားလိုက်တယ်

နီးကပ်လာလေကျွန်တော့မျက်လုံးတွေ
ဝိုင်းစက်လာလေပဲ
ပန်းချီဆွဲတဲ့သူမို့အာရုံစိုက်ရတာများတော့
အဝေးနည်းနည်းမှုန်နေပေမယ့်
တကယ်ကိုအ‌ဝေးကနေတောင်
လူအများကြားထင်းထွက်နေတာမို့
ကြည့်ကောင်းမယ်လို့ထင်ထားပေမယ့်
တကယ့်လက်တွေ့အနီးကပ်လာလေ
ကောင်းကင်ကိုမော့ကြည့်နေတဲ့
မေးရိုးချွန်ချွန်တွေ
မနက်ခင်းအသက်၀င်ကာစမို့နေရောင်ခြည်ရဲ့အလင်းကိုတောင့်ခံနေရတဲ့မျက်၀န်းအိမ်ကျဉ်းကျဉ်းလေးတွေ ချက်ချင်းပန်းချီချရေးချင်လောက်အောင်သိပ်လှခဲ့တာ

သတိလက်လွတ်လျှောက်လာရင်း
ခလုတ်တစ်ချက်တိုက်မိတော့ဆက်ကနည်းလှည့်ကြည့်လာသည်မို့လူကရှိန်ကနည်း
ဘာရယ်မဟုတ်ပေမယ့်
သူမသိအောင်ငေးကြည့်ထားသည်မို့
မသိစိတ်ကမလုံမလဲရယ်

ဟန်ချက်ပျက်သွားတဲ့ခန္ဒာကိုယ်ကိုအသာထိန်းမတ်ရင်း
မသိသလိုဆက်လျှောက်သွားတော့
ခေါင်းငုံ့ကာတစ်ချက်ပြုံးလိုက်တဲ့'သူ'
ခြေလှမ်းတွေကဘရိတ်အုပ်လိုက်တဲ့ကားလိုတိကနည်း ရေပြင်ညီလိုမျက်နှာ‌ထားနဲ့
'သူ'ကပြုံးလိုက်ရင်လဲ
သိပ်ကြည့်ကောင်းတယ်တဲ့လား

တီး!တီး!

ကားဟွန်းတီးသံအကြားဆက်ကနည်း
ဆောင့်ဆွဲခံလိုက်ရတဲ့လက်တစ်ဖက်နဲ့အတူတစ်ဖက်လမ်းမပေါ် ဘုံး!ကနည်း
ပစ်ကျသွားတာမို့လန့်ကာ
တံတောင်နဲ့ထောက်လိုက်ပေမယ့်
ထူးထူးဆန်းဆန်းထင်သလောက်
မနာကျင်တာမို့မျက်လုံးကိုအားယူ
ဖွင့်ကြည့်တော့သိပ်လန့်သွားရသည် ကျွန်တော်လေ'သူ့'ရင်ခွင်ထဲတိတိကျကျရောက်နေခဲ့တာ

သူ Where stories live. Discover now