အချပ်ပို 🦋
"ဂျီမင်း.."
"မောင်..ပြန်လာပြီလား
ဟင် မိုးတွေစိုလာတာလား ခဏနော်"မောင်နဲ့သူ ချစ်သူဖြစ်ပြီးနှစ်နှစ်အကြာမှာ
လက်ထပ်ခဲ့ကြတယ်
မောင်ကတော့သူဝါသနာပါတဲ့
ပန်းချီဆွဲတဲ့အလုပ်ကိုသာဆက်လုပ်နေပြီး
သူကတော့ကော်ဖီဆိုင်လေးထဲပဲ
အချိန်ကုန်နေတတ်ကာ
တစ်ခါတစ်လေစိတ်ကူးပေါက်ရင်လဲ
မောင်နဲ့အတူပန်းချီလိုက်ဆွဲလိုက်တာပဲ"လာ ကိုယ်သုတ်ပေးမယ်
ထီးယူသွားပါလို့ မောင့်ကိုအမြဲပြောတယ်
ဖျားရင်ဘယ်လိုလုပ်မလဲမောင်ရယ်
မောင်ကတအားပြောရ...""ဂျွန်ဂျီမင်းကသိပ်စကားများတာပဲ
ဘယ်လိုလုပ်မလဲချမ်းတော့နမ်းချင်နေတယ်"အ၀တ်စလေးကိုင်
ခြေဖျားလေးထောက်ကာ
ခေါင်းသုတ်ပေးနေတဲ့မျက်နှာလှလှလေး
ရဲကနည်း"ဘယ်လိုဖြစ်နေတာလဲ
ဆူနေတဲ့ဟာကို""ဆူနေတာလား
မောင်ကမောင့်ကိုရူးအောင်လုပ်နေတယ်
ထင်တာ အဲ့နှုတ်ခမ်းလုံးလုံးလေးက
ဘာလေးမို့စကားပြောတိုင်စူထွက်နေတာလဲ"ထိုးချလိုက်တဲ့မျက်စောင်းလေးသည်
ဒိုင်းကနည်းပဲ အကောင်လိုက်လေး
မျိုချချင်နေသောစိတ်သည်မြင်တိုင်းပဲ
ချစ်ဖို့ကောင်းနေတာလေးက
တစ်ရက်မှလျော့မသွားတဲ့အပြင်
ပိုတိုးလာတာသည် ဘယ်လိုလေးလဲ"မသိဘူး အမေမွေးထဲက
အဲ့လိုပဲ စူထွက်နေတာ""ဟုတ်လား မေမေကမွေးတတ်လိုက်တာ
နောက်ရက်ကျညစာစားရင်း
ကျေးဇူးတင်စကားသွားပြောရအောင်
ဒီလိုဘဲလေးကိုမွေးပေးလို့"ပစ်ပေါက်လာသောအ၀တ်စလေးသည်
ရင်ဘက်ပေါ်ဘုတ်ကနည်းပဲ
မျက်ခုံးတန်းလေးတွန်းချိုးကာ
မျက်စောင်းထိုးရင်း
ဆိုင်နောက်ထဲပြန်၀င်သွားပုံက
ဒါစိတ်ကောက်သွားတာပါပေါ့"ဟိတ် စိတ်ကောက်သွားတာလား"
"မကောက်ဘူး ဖယ်!"
ဆေးစရာရှိတဲ့ကော်ဖီပန်းကန်လေးတွေ
ဆောင့်ဆောင့်အောင့်အောင့်ဆွဲယူကာ
ပန်းကန်ဆေးမည့်နေရာအားထွက်သွားသူ