ရှေးဆိုရိုးစကားများအရ စစ်သူကြီးအများစုသည် ဂွမ်ရှီမှဖြစ်ပြီး ဝန်ကြီးများသည် ဂွမ်ဒေါင်မှ လာကြသည်။
ဟယ်ရန်သည် ကြယ်စင်စစ်သူကြီး ဖြစ်ရန် မွေးဖွားလာသူဖြစ်သည်။
သူမသည် သူမ၏မိသားစုအတွက် ခြေနင်းကျောက်တုံးမျှသာဖြစ်ပြီး သူမ၏အစ်ကိုနေရာတွင် အစားထိုးခြင်းခံရသူသာဖြစ်သည်။။ သူမသည် စစ်မြေပြင်တွင် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး ရှီကွမ်းအား ငြိမ်းချမ်းရေးဖော်ဆောင်ပေးခဲ့ကာ လူရိုင်းများအား ရပ်တန့်စေခဲ့သည်... သူမ၏အစ်ကို နေမကောင်းရာမှပြန်လည်ကောင်းမွန်လာသောအခါတွင် သူမသည် သူမ၏ရာထူးနှင့် အောင်မြင်မှုများအားစွန့်လွှတ်ခဲ့ရလေသည်။ ထို့နောက်မှာတော့သူမဟာ အတင်းအကြပ် အိမ်ထောင်ပြုခဲ့သည်။
အိမ်ထောင်ကျပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူက စွန့်ပစ်သွားကာ ထူးဆန်းသော ရောဂါဝေဒနာအား ခံစားခဲ့ရပြီး မျက်စိအလင်းကွယ်သွားတော့သည်...
ခင်ပွန်းဖြစ်သူရဲ့ ငယ်ရွယ်ပြီး ချောမောလှပသော ကိုယ်လုပ်တော်သည် သူ့ရှေ့တွင် ရပ်ကာ တိုးတိုးလေးပြောလိုက်သည် "မင်းကို အဲ့ဒီ့ မျက်စိကန်းစေတဲ့ အဆိတ်ခပ်ဖို့ မင်းရဲ့မိသားစုအကြီးအကဲတွေက အမိန့်ခဲ့တာ။ဒီတစ်ခါတော့ အသက်ကိုယူဖို့ပေါ့ ၊မင်းသိတဲ့အတိုင်း လူသေတွေက စကားမပြောနိုင်ဘူးလေ။ မင်းသာ အသက်ရှင်နေခဲ့ရင် မင်းက မိသားစုရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်!"
သူမဟာ ခေတ်တစ်ခေတ်ရဲ့စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၊တိုင်းပြည်၏ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပေမဲ့ အခုတော့ယောက်ျားတစ်ယောက်ရဲ့မျက်နှာသာရအောင်လုပ်ဖို့သာသိတဲ့ ထိုအရှက်မဲ့တဲ့အမျိုးသမီးတွေရဲ့လက်ထဲတွင် နာကျင်စွာ သေဆုံးသွားခဲ့သည်...။ရိုင်းလိုက်လေခြင်း!
သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သူမသည် စစ်တပ်အရာရှိတစ်ယောက်၏ ပျော့ညံ့ပြီး မာနကြီးကာနုံအသောသမီး ဖြစ်လာခဲ့သည်။
သူတို့သည် သူမ၏ကြီးမြတ်မှုများအား ခိုးယူကာ သူမ၏အသက်ကို လုယူပြီး သူမ၏စစ်တပ်အား ဦးဆောင်လျက် သူမ၏ခံစားချက်များအား သစ္စာဖောက်ခဲ့ကြသည် ။ သူမသည် ငရဲ၏အနက်နဲဆုံးနေရာမှ ပြန်တက်လာကာ သူမဆုံးရှုံးသွားသမျှ အရာအားလုံးအား တစ်ယောက်ပြီးတစ်ယောက်ဆီမှ ပြန်ယူပေလိမ့်မည်။
ကမ္ဘာကြီးကို ခြေဖဝါးအောက်တွင်ထားပြီး သူမရဲ့ အလှတရား၊မြင့်မြတ်မှုတွေနဲ့ စီရင်စုကိုးခုလုံးအား လွှမ်းမိုးမယ်။
ဟယ်ရန်သည် ယခင်ဘဝမှ သူမ၏ မဟာရန်သူဖြစ်သော "သူတိုက်ခိုက်သည်နှင့် ရန်သူများ ဆုတ်ခွာသွားရသည်" ဆိုသည့်ဘွဲ့နဲ့ ဆွဲဆောင်မှုရှိသည့် လူငယ်နှင့် တွေ့ဆုံခဲ့ကာ သူမ၏ စွန့်စားခန်းများအား စတင်ခဲ့တော့သည်။
ခပ်မိုက်မိုက် မိန်းမပျို ဗိုလ်ချုပ်နှင့် ချောမောပြီး ရိုင်းစိုင်းသော လူငယ်။ ကမ္ဘာကြီးကိုသိမ်းပိုက်နိုင်ဖို့တစ်ချိန်ကပြိုင်ဖက်တွေဖြစ်တဲ့ အစွမ်းထက်ဆုံး စစ်သူကြီး နှစ်ယောက် ပူးပေါင်းလိုက်တော့သည်။
^^^^^^^^^^^^^^^^^^^
Team နဲ့ဖြစ်သွားပြီမို့ ရှယ်ပလန်နဲ့ updateပါမယ်
YOU ARE READING
ကြယ်စင်စစ်သူကြီးရဲ့ ပြန်လည်မွေးဖွားခြင်း
Actionဟယ်ရန်သည် ကြယ်စင်စစ်သူကြီး ဖြစ်ရန် မွေးဖွားလာသူဖြစ်ပြီး စစ်ပွဲတိုင်းကိုကောင်းစွာဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူမမိသားစုက သူမကသူမအကိုအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ ခံစားရတဲ့အတွက် အဆိပ်ခတ်သတ်စေခဲ့တယ်။ သေဆုံးသွားပြီးနောက် စစ်သူကြီးတစ်ဦး၏ မာနကြ...