လုံဟွမ်တောင်လမ်းသည် ကြမ်းတမ်းပြီး မြေမျက်နှာသွင်ပြင်မှာ အန္တရာယ်ရှိသည်။ ဤနေရာရှိလူအများစုသည် ဆေးဝါးလာရှာကြသူများသာဖြစ်သည်။
လမ်းဘေး မြက်ခင်းပြင်ပေါ်တွင် အမည်မသိ တောရိုင်းပန်းများပေါက်နေပြီး၊ တကယ်ကို လှပ လှသည်။သို့သော် ဒီနေရာက ပန်းတွေကို တကယ်ခံစားလို့ရတဲ့ နေရာမဟုတ်ပါဘူး။ မင်းခြေထောက်အောက်က ကျောက်တုံးတွေဟာကမ်းပါးနံရံမှာ ကပ်နေကာ။ အောက်ကိုငုံ့ကြည့်လိုက်ရင် အောက်ခြေကိုပင်မမြင်ရကာ ခြေထောက်တွေတောင် တုန်နေနိုင်တယ်။
ဤလမ်းအား ဟယ်ယွင့်ရှန်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခရီးနှင်ခဲ့သဖြင့် တောင်ပေါ်သို့တက်ရသည်မှာ လွယ်ကူသည်မဟုတ်ကြောင်း သိနေလေသည်။ ဟဲရန်၏ ညည်းညူသံများနှင့် ငိုကြွေးသံများကို စောင့်ဆိုင်းနေခဲ့သော်လည်း ဟဲရန်၏ ပေါက်ကွဲသံအား အစမှအဆုံးထိ မကြားခဲ့ရပေ။
ဟယ်ယွင့်ရှန်း သည် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ဟယ်ရန်သည် သူနှင့်အတူ အတူတိုက်မိလုနီးပါးပင်ဖြစ်ပြီး သူနှင့်တအားမကွာသည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားခဲ့သည်။
ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ဒီလမ်းသည် ဟယ်ရန်ကဲ့သို့သောလှပပျိုမျစ်သည့် အမျိုးသမီးမဆိုထားနှင့်။ယောကျာ်းလေးတစ်ယောက်အတွက်ပင် ခက်ခဲလွန်းသော လမ်းဖြစ်သည်။
"ဘာတွေကြောင်ကြည့်နေတာလဲ " ဟယ်ရန်သည် သူ့အား ထူးဆန်းစွာ စိုက်ကြည့်နေတယ် "ဆက်မသွားဘူးလား"
ဟယ်ယွင့်ရှန်း သည်လှည့်မကြည့်ဘဲ ဆက်သွားခဲ့သည်။
သူမ ဟန်ဆောင်နေတာပဲဖြစ်ရမယ်။သူမကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။
ဟယ်ရန် သည် သူ့ခြေထောက်များအား ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဒီခြေထောက်တွေရဲ့ ကြံ့ခိုင်မှုက တကယ်ကို အားနည်းတာပဲ။ သူမသည် ဟယ်ယွင့်ရှန်း နောက်မှ လိုက်လာခဲ့ပြီး အချိန်အတော်ကြာလျှောက်လာပြီးတဲ့နောက်မှာ တဖြည်းဖြည်း မောပန်းလာခဲ့သည်။ ကြည့်ရတာ တော်တော်ဝေးဝေး ဆက်သွားဖို့ လိုနေသေးတဲ့ပုံပဲ။
YOU ARE READING
ကြယ်စင်စစ်သူကြီးရဲ့ ပြန်လည်မွေးဖွားခြင်း
Actionဟယ်ရန်သည် ကြယ်စင်စစ်သူကြီး ဖြစ်ရန် မွေးဖွားလာသူဖြစ်ပြီး စစ်ပွဲတိုင်းကိုကောင်းစွာဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူမမိသားစုက သူမကသူမအကိုအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ ခံစားရတဲ့အတွက် အဆိပ်ခတ်သတ်စေခဲ့တယ်။ သေဆုံးသွားပြီးနောက် စစ်သူကြီးတစ်ဦး၏ မာနကြ...