Spring Diary

70 10 14
                                    

       
        "ကိုခန့်…ကျွန်တော်တို့လက်ထပ်ကြရအောင်"

ကျွန်တော့်စကားအဆုံး မယုံနိုင်သလိုမျက်လုံးမျိုးလေးဖြင့်ကြည့်လာတဲ့အကို…

"ဘာလို့အဲ့လိုကြည့်နေရတာလဲအချစ်ဆုံးရဲ့….ကျွန်တော်ကကိုခန့်ကိုအပျော်သက်သက်တွဲတယ်ထင်လို့လားဟင်"

ကျွန်တော့်စကားကိုသူမယုံနိုင်သေးပါ၊ သို့သော် သူ့မျက်ဝန်း၌မျက်ရည်စတို့ဝဲတက်လာသည်။

"ဇွဲ…မင်းတကယ်ပြောနေတာ…တကယ်ပြောနေတာပေါ့နော်"

"တကယ်ပေါ့ကိုခန့်ရယ်…ကျွန်တော့်မှာပညာစုံပြီကြင်ယာစုံဖို့တော့လိုသေးတယ်လေ…ကျွန်တော့်အတွက်ပါရမီကိုအကိုကဖြည့်ပေးရမှာပေါ့…"

အကိုကကျွန်တော့်ရင်ခွင်ထဲသို့အတင်းတိုးကာငိုတော့သည်၊ ရှိုက်ငိုနေသည်ကကလေးတစ်ယောက်လိုပင်၊ အသည်းမာလှသည်ဟုကျွန်တော်သတ်မှတ်ထားသည့်ထိုဆရာဝန်လေးသည်လည်းကလေးတစ်ယောက်လိုဝမ်းနည်းတတ်ကြောင်းကျွန်တော်သိခဲ့ပြီဖြစ်သည်။

"ကိုခန့်…ကျွန်တော့်ကိုကြည့်…"

မျက်နှာလေးအားလက်ဖြင့်ဆွဲမော့မိတော့ကျန်ရှိနေသေးသောမျက်ရည်စတို့ဖြင့်အရောင်လက်နေသောမျက်ဝန်းတို့ကကြိုဆိုသည်။ လုံးဝန်းသွားသောမျက်ဝန်းများအရကျွန်တော်ဘာပြောမည်ကိုစိတ်လှုပ်ရှားစွာစောင့်ကြိုနေသလိုပင်။

"ကျွန်တော်ကလေအချစ်ကိုစတင်ထိတွေ့ဖို့ဆုံးဖြတ်ချိန်ထဲက ကျွန်တော်ပထမဆုံးချစ်မိသူဟာကိုခန့်ပဲ၊ အခုလဲကျွန်တော်ချစ်တာကိုခန့်ပဲ၊ နောင်လည်းကိုခန့်ပဲဖြစ်နေဦးမှာ အဲ့တာကြောင့်ကိုခန့်ကကျွန်တော့်ကိုယုံယုံကြည်ကြည်ဘဝတခုလုံးပုံအပ်လို့ရပါတယ်ဗျ"

ထိုအခါမှစိတ်လိုလက်ရပြုံးပြလာသည့်ချစ်ရသူ…ချစ်ရသည်၊ မြတ်နိုးရသည်၊ တဘဝလုံးစာရည်ရွယ်ခဲ့သည့်ထိုလူသားကိုဘယ်သောအခါမှစိတ်မဆင်းရဲစေလိုပါ။

"ဇွဲ မင်းကလေromantic မဆန်တက်ဘူးနော် ငါခုနကစိတ်လှုပ်ရှားသွားလို့သတိမရတာ"

"အင်း…ခုသတိရသွားပြီလား ပြောပါအုံး"

"မင်းလက်ထပ်ခွင့်တောင်းတာကြီးကလဲ အိပ်ယာထဲမှာတဲ့ ဟွန်း"

Spring Diary Where stories live. Discover now