Part1

3.1K 113 8
                                    

"ညီမ ပေါင်မုန့်ချောင်း၁၀ချောင်းလောက် ထည့်ပေးပါ"

"ဟုတ်ကဲ့ပါ အစ်ကိုနေသူရ"

"ဟော ကိုနေသူရ နောက်ကျတယ်နော်၊ဒီအချိန်မှ ဘယ်ကပြန်လာတာလဲ"

"မန်းလေးက သူငယ်ချင်းမင်္ဂလာဆောင်သွားနေတာလေ၊လူစုံတော့ အပြန်နောက်ကျနေတာ
ဘော်ဒါတွေက ကျွန်တော့်ကားမြင်ရင် ပြေးလာကြမှာ၊သူတို့ဖို့ ဘာမှပါမလာလို့ ပေါင်မုန့်ဝင်ဝယ်တာ"

"ဖြစ်ရမယ် ကိုနေသူရကတော့၊ နောက်ကျနေပြီကို အန်တီတို့အိမ်ပဲ ဝင်အိပ်သွားလိုက် ပြီးရော
ရွာလမ်းက ကြမ်းပါဘိနဲ့"

"အဟွန်း သွားနေကျဆိုတော့ အေးဆေးပါပဲဗျာ၊
ကဲ ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်ဗျ"

"ဟုတ်ကဲ့ပါ ကိုနေသူရ"

စျေးရောင်းတဲ့ကောင်မလေး ထည့်ပေးလိုက်တဲ့ ပေါင်မုန့်အိတ်ကိုဆွဲပြီး စတိုးဆိုင်ထဲကထွက်လာတော့ ဒီဒေသခံဟုတ်ပုံမရသည့် စျေးဝယ်နေသည့် မျက်နှာစိမ်းလူတချို့က နေသူရကို စူးစမ်းဟန်နဲ့ မသိမသာကြည့်နေတာကို သတိထားမိလိုက်၏။

သို့သော်လည်း စဝ်နေသူရဦးအတွက်တော့ ဒါဟာ ထူးဆန်းသည့် အခြေအနေမျိုးမဟုတ်။
ဘဝအဆက်ဆက် ဆုတောင်းကောင်း၊အကျိုးပေးကောင်းခဲ့ပုံရသည့်သူက ညောင်ရွှေမြို့ရဲ့ မြို့မျက်နှာဖုံး၊စော်ဘွားမျိုးနွယ်မိသားစုမှာ မွေးဖွားလာခဲ့ရုံသာမက ရုပ်ရည်အားဖြင့်လည်း အရှိန်အဝါအလွန်အားကောင်းသည့် ရုပ်ရုပ်မျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည်။သူ့ကို အမှတ်တမဲ့တွေ့သည့်လူတိုင်းက သမင်လည်ပြန် ပြန်ကြည့်တာမျိုး၊ငေးတာမျိုး လုပ်ကြတာဟာ ဒီမှာတင်မဟုတ်၊ပြင်သစ်မှာ ကျောင်းသွားတက်သည့်အချိန်တွေမှာလည်း အတူတူဖြစ်ခဲ့တာမျိုးပင်။
အခုချိန်မှာတော့ မိသားစုပိုင် ဟိုတယ်လုပ်ငန်းတွေကို ဦးစီးနေပြီး ညောင်ရွှေမြို့ထဲကနေ နာရီဝက်ခန့်သွားရသေးသည့် ကင်းတဲရွာက ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ဆောက်ထားသည့် အိမ်မှာ သီးသန့်နေထိုင်နေသော လုပ်ငန်းရှင်အဖြစ် လူအများ၏ အာရုံစိုက်ခြင်းကို ထပ်မံခံနေရပြန်သေးတာပင်။
ကိုယ်တိုင်က သီးသန့်နေတတ်သော လူမျိုးဖြစ်သော်ညားလည်း အများသူငှာ၏ အာရုံစိုက်ခံရတာကတော့ ထုံးစံလိုဖြစ်နေပြီမို့ မထူးဆန်းတော့တာမျိုးပါပဲ။

ဖူးစာရယ်ဆုံ ဤသို့ဤပုံ[ဖူးစာရယ္ဆုံ ဤသို႔ဤပုံ]حيث تعيش القصص. اكتشف الآن