"ချောတယ်မလား"
"အင် အမ် ဘာကိုလဲ ချောပါဘူး"
"ဟားဟားဟား"
"ဘယ်လိုတွေရီနေတာလဲ မိန်းကလေးဖြစ်ပြီး "
"အင် မိန်းကလေးတော့မိန်းကလေးဘဲ ဒါပေမယ့် မိန်းကလေးမဆန်တဲ့မိန်းကလေး ရှင်းလားအန်တီရိုစီ"
"ဘယ်လိုခေါ်လိုက်တာ "
"အန်တီရိုစီလေ မကြိုက်ဘူးလားအဲ့လိုခေါ်တာ မကြိုက်လဲ ကျူးလစ်ကခေါ်မှာ"
"ထင်ပါတယ် မင်းစိတ်ကြိုက်ခေါ် ဒါနဲ့ ဘာလို့ တို့ကိုဒီခေါ်လာတာလဲ"
"ဘာလို့လဲဆို အန်တီရိုစီကိုအကြွေနဲ့အပိုင်သိမ်းလိုက်တာ "
"ဘာ!"
"အမယ်လေ ဖြည်းဖြည်းအော်ပါ ကျူးလစ်နှလုံးသားကသေးသေးးလေးရယ်"
"ရှင့်နှလုံးသားကသေးသေးလေးမဟုတ်ဘူးရှိကိုမရှိတာ ဘာကြောင့်အကြွေးနဲ့သိမ်းရတာလဲ ဘယ်သူကချေးထားလို့လဲ မင်းဆီက!"
မာနမင်းသမီးက သူ့ကိုအကြွေးနဲ့သိမ်းပါတယ်လည်းဆိုရော ဒေါသတွေထွက်ပြီး အော်နေလေရဲ့ ဒေါသထွက်တဲ့မျက်နာလေးကနှင်းဆီလိုနီရဲနေတာဘဲ
"ဟားဟားဟား အန်တီ့မျက်နာကနှင်းဆီပန်းလိုနီရဲနေပြီး ဒေါသလေးလျော့ပါအုန်း "
"ကျစ် မင်းဘာလို့အကြွေးနဲ့သိမ်းတာလဲသာပြော"
"တနေ့နေ့တော့သိမှာပေါ့ "
*ချက်ချင်းပြောလိုက်ရင် ဘယ်ပျော်ဖို့ကောင်းမလဲ *
အဲ့လိုပြောလိုက်တော့ စောစောကနီနေတဲ့မျက်နာကပိုနီလာတယ်
"စိတ်လျော့ ကျွန်မ အန်တီ့ကိုဘာမှမလုပ်ဘူး တစ်ခုဘဲ အန်တီကျွန်မကိုချစ်လာအောင်လုပ်ရလိမ့်မယ် "
"သေလိုက် တို့တစ်သက်လုံးမင်းကိုချစ်လာမှာမဟုတ်ဘူး"
"စောင့်ကြည့်ရသေးတာပေါ့ရှင့် အခုတော့ အခန်းထဲအနားယူချင်ယူ ဒါမှမဟုတ် ခြံထဲပတ်ကြည့်ရင်ကြည့် အော် ခွေးတွေရှိတဲ့အခြံကိုမသွားနဲ့နော်"
ကျွန်မအဲ့လိုပြောပြီး ကျွန်မရဲ့အလုပ်ခန်းထဲကိုထွက်ခဲ့လိုက်တယ်
YOU ARE READING
နှင်းဆီလိုအန်တီ (Complete)
Randomနှင်းဆီနဲ့ဓာတ်မတည့်တဲ့ကျွန်မ နှင်းဆီတစ်ပွင့်ကိုနှစ်နှစ်ခါခါချစ်မိခဲ့တယ် နှင်းဆီလေးအတွက် ကျူးလစ်တွေကြွေလွှင့်ရလည်းကိစ္စမရှိပါဘူးအန်တီ ကျူးလစ် မင်းလိုကလေးသာသာလေးကိုတို့ကနှလုံးသားရေးရာထဲထည့်စဉ်းစားမယ်ထင်လား နှင်းဆီ