ဆောင်းဟွန် သူမကိုတွေ့သည်မှာ ကျောင်းစတက်သည့်နေ့မှမဟုတ်ပေ။ ကျောင်းတက်ဖို့ ပစ္စည်းသွားဝယ်သည့် နေကတည်းကပင်
ဘောပင်ထားတဲ့တန်းထဲ ဆောင်းဟွန် ဝင်လာခဲ့သည်။ ဘောပင်တန်းတဲ့ တောင့်တစ်ခုမှာ မိန်းကလေးတစ်ဦး
ဘေးတစ်ခြမ်းကြည့်တာတောင် ကောင်မလေးရဲ့ မျက်နှာဟာ တော်တော်လှနေသည် သမင်လိုမျက်လုံးလေး သွယ်စင်းပြီး ချွန်နေတဲ့ နှာခေါင်း
စတော်ဘယ်ရီသီးလို ဖူးဖူးလေးဖြစ်နေတဲ့ နှုတ်ခမ်း ကြည်လင်ပြီး ပုလဲရောင်အသားရည်ဆောင်းဟွန်သူမကို အကြာကြီး စိုက်ကြည့်နေမိသည် ချစ်ဖို့ကောင်းသည်ဟု တထစ်ကျတွေးလိုက်သည် သူ့စိတ်ကိုမနည်းစုစည်းပြီး ပစ္စည်းပြန်ရွေးနေသည်
ဆောင်းဟွန်ဘယ်လောက်စွဲလမ်းသွားသည်မသိ
သူမဝယ်တဲ့ ဘောပင်အမျိုးအစားနဲ့ အရောင်တူတဲ့ ဘောပင်တစ်ချောင်းယူလိုက်သည် သူ မကြိုက်သည့် ဘောပင်တောင်ပေါ့သူမထွက်သွားသည်နှင့် သူလည်းပစ္စည်းရှင်းပြီး အမှီလိုက်သည် သူမနောက်ကနေ သူမမသိအောင် လိုက်နေမိသည် သူမကလည်း သတိမထားမိချေ
သူမအိမ်ထဲဝင်သွားသည် သူအလွန်ပင်အံဩနေမိသည် သူမအိမ်က သူအိမ်၏ဘေးအိမ်ဖြစ်နေသောကြောင့်ပင်
ဆောင်းဟွန်ပျော်နေသည် သူမနှင့် သူက ရွယ်တူလောက်ပင် ဒါ့ကြောင့် ကျောင်းသူပင်ဖြစ်မည်ဟု သူတွေးမိသည်
သူတို့နေတဲ့ရပ်ကွက်မှာ ကျောင်းတစ်ကျောင်းသာရှိသည် သူမလည်း ဒီကျောင်းမှာပဲ တက်လောက်မည် အခန်းမတူရင်ရော ငါကကျောင်းသားသမဂ္ဂ ပဲ ငါသူအခန်းတော့သိလောက်မှာပါ
ဆောင်းဟွန်တစ်ချိန်လုံးပြုံးနေမိသည်
သူ၏မွေးစားမိဘများတောင် အံဩမိသည်"မေကြီးရေ ငါတို့သားလေး အချစ်ကိုတွေ့နေပြီ ထင်ပါရဲ့"
"ဟုတ်လောက်မယ်ဖေကြီးရေ"
ဆောင်းဟွန်မကြား ဆောင်းဟွန်စိတ်ထဲမှာ သူမသာ နေရာယူထားသည်။
သူမက ကျွန်တော့်ရဲ့ အချစ်ဦး
သူမကို ကျွန်တော် မြင်မြင်ချင်းချစ်မိသည်
သူမက ကျွန်တော့်ရဲ့ Gorgeous...