လွန်ခဲ့သော ၇နှစ် သူက ၁၁အရွယ် အလယ်တန်းပထမနှစ်မှာ
"ဟယ်နာ မြန်မြန်လာလေ တော်ကြာနောက်ကျမယ်"
"အေးပါခဏ ကောင်းကောင်းဖိနပ်စီးပါ့ရစေ"
"ရားးး မြန်မြန်လုပ် ဂိုဟယ်နာ"
"ပြီးပြီ ပတ်ဂျုံးဆောင်းရဲ့"
တစ်လမ်းလုံး ကြောင်နှင့်ကြွက်လို ကိုက်ပြီးမှ ကျောင်းရောက်လာကြသော နှစ်ယောက်
"နင့်ကြောင့်နောက်ကျတော့မလို"
"သူခိုးကလူဟစ်"
"ဟိုနှစ်ယောက် ကိုက်နေကြပြန်ပြီလား"
"ငါတို့က ကိုက်ရအောင်ခွေးလား"
နှစ်ယောက်သား တိုင်ပင်ညီအောင် တိုက်စရာမလို ပြိုင်တူသံပြိုင်ထွက်လာသည်ထိုသို့ထွက်လာသော စကားသံကြောင့် အီဟီဆွန်းတစ်ယောက် သူပါးစပ်ကိုသာ ဖြတ်ရိုက်ချင်လာသည်
"မင်းတို့ကလည်း စတာပါကွာ
လာပါ အခန်းထဲအရင်ဝင်ရအောင်"အခန်းထဲသာဝင်လာသောလည်း ဂျုံးဆောင်နှင့်ဟယ်နာမှာ ရန်ဖြစ်မပျက်
"ငါ့ စာအုပ်ကျန်ခဲ့ပြီ ဂျုံဆောင်းအဲ့တာနင့်ကြောင့်"
"ပေါက်ကရပြောတက်တယ် နင်ဟာနင် အိပ်ပုတ်ကြီးနေတာလေ "
"ရားးး ပတ်ဂျုံးဆောင်း!!"
"ဘာလဲ ဂိုဟယ်နာ!!"
"တော်ကျတော့ မသတ်ကြနဲ့တော့ သူများတွေမြင်ကုန်ပြီ"
"ဟွန့်"
ဒီတစ်ကြိမ်လည်း သံပြိုင်ထွက်လာပြန်သည်တစ်နှစ်လုံး ရန်ဖြစ်ကြတဲ့ နှစ်ယောက်
မချစ်ကြတာလည်းမဟုတ်
လူကြီးတွေပြောနေကြစကားတောင်ရှိသေး
"ရန်ဖြစ်မှမေတ္တာဆိုတာပိုလာတာတဲ"
အဲ့လိုပဲ ၅နှစ်ကျော်ဆက်ဆံရေးကြီး ပျက်စီးမဲ့ တစ်နေ့ရောက်လာခဲ့တယ်"အဖေတို့တကယ်ပြောင်းမှာလားဟင် "
ဖအေဖြစ်သူကိုငိုမဲ့မဲ့မျက်နှာဖြစ့်မေးလိုက်တဲ့ သူမ"သမီးရယ် အဖေတို့မပြောင်းလို့လည်း မရဘူး
ဖေဖေအလုပ်က အဲ့မှာ ရသွားလို့ပါ""ဟုတ်ပါပြိ ဖေဖေ အာဆို ဂျုံးဆောင်းတို့ဟီဆွန်းတို့ကိုနှုတ်ဆက်လိုက်မယ်"