သူ (He) အပိုင်း - ၁

454 10 0
                                    

သူ....( He)

Part - 1

သာမန်နေ့လေး တစ်နေ့ပါဘဲ။ အရမ်းကြီးပူပြင်းမနေသလို မိုးတွေရွာနေတာမျိုးလဲ မရှိခဲ့ဘူး။ မထူးခြားတဲ့ သာမန်နေ့ရက်လေး တစ်ရက်ပဲပေါ့။ အဲ့ဒီလိုသာမန်ရက်လေးရဲ့ ညတစ်ညမှာ အိပ်မပျော်တိုင်း လိုင်းသုံးနေတတ်တဲ့ ကျွန်မဆီ ထူးထူးခြားခြား စာလေးတစ်စောင် ဝင်လာခဲ့တယ်။

"ဟိုင်း ..... တီချယ်”

"ဟုတ်ကဲ့”

လွယ်လွယ်ကူကူပဲ ဟုတ်ကဲ့ တစ်ခွန်းနဲ့ အဲ့ဒီ Conversation ကိုလက်ခံလိုက်မိတော့တယ်။
နာမည်ကလဲ မိန်းကလေးဆန်ဆန်ပဲမို့လို့ လက်ခံစကားပြောမိတာလဲ ပါပါတယ်။ ထပ်ပို့လာတဲ့ စာတစ်ကြောင်းကြောင့် မိန်းကလေးလို့ ထင်ရတဲ့ တစ်ဖက်လူက ဘာလို့စကားလာပြောလဲ ဆိုတာကိုလဲ သိလိုက်ရပါတယ်။

"တီချယ် ရေးတဲ့စာတွေဖတ်နေတဲ့ တီချယ့် စာဖတ်ပရိတ်သတ်ပါ”

"သြော်... ဟုတ်လား ကျေးဇူးပါနော်”

တစ်ဖက်က ဘာစကားမှပြန်မလာပါဘူး။ အချိန်တစ်ခုထိ စာမပို့ပဲနေနေခဲ့တယ်။ အတန်ကြာမှ...

"ဒါနဲ့လေ တီချယ်ရေးထားတဲ့ ဟို ဝတ္ထု တစ်ပုဒ်လေ (. .......) အဲ့ဒီတစ်ပုဒ်က ဇာတ်ကောင်နာမည်တွေလဲ မပါဘူးနော် တစ်မျိုးပဲ ဆရာလုပ်တာတော့ မဟုတ်ပေမယ့် နာမည်လေးတော့ပါသင့်တယ်မို့လား”

ကျွန်မက တခြားနေရာမှာ စိတ်ထဲသိပ်မထားတတ်ပေမယ့် ကျွန်မ ဝတ္ထုလေးတွေနဲ့ ပက်သက်ပြီး မသိနားမလည်ပဲ ဝင်ပြောရင် သိပ်သဘောမတွေ့တတ်တဲ့ ထဲမှာပါပါတယ်။ မရင့်ကျက်သေးတဲ့ အတွေးလေးရှိနေစဲပေါ့ရှင်။ တစ်ဖက်လူရဲ့ အဲ့ဒီစကားမှာတင် ကျွန်မရဲ့ ဒေါသကို အကြီးအကျယ်ဆွမိလိုက်သလို ဖြစ်သွားခဲ့ပေမယ့် တစ်ဖက်လူဆီ ပြုံးနေတဲ့ အီမိုဂျီလေးပဲ ပို့လိုက်တယ်။

အဲ့ဒီနောက် အစွာဓာတ်ခံလေးရှိနေတဲ့ ကျွန်မက ပြုံးပြုံးလေးနဲ့ ခပ်အေးအေးပဲ စာဆက်ပို့လိုက်မိတယ်။ ပြုံးနေတာက စာရိုက်နေရင်းပေါ့ရှင်။

"ဒါနဲ့ အဲ့ဖက်က ညီမလေးဖြစ်မယ်ထင်တယ် ကိုယ့်ထက်လဲ ငယ်မယ့်ပုံပဲမို့လို့ ညီမလေးလို့ပဲခေါ်လိုက်မယ်... တကယ်တော့လေ ခုနက ညီမလေးပြောတဲ့ ဝတ္ထုအမျိုးအစားက one shot လို့ခေါ်တယ် သူ့ရဲ့ပုံစံက တိုတိုနဲ့ ဆိုလိုရင်းတစ်ခု ထိရောက်သွားဖို့ပဲ တစ်ချက်ထဲနဲ့ အမိအရပစ်တယ်ပေါ့ ကိုယ်ဆိုလိုချင်တဲ့ ဇာတ်လမ်း ရသ ကို အဓိကတိုတိုနဲ့ ထိချက်မိမိပေါ်လွင် သွားဖို့ပဲ နာမည်တွေ ဌာနေတွေမပါလဲ ဖန်တီးလို့ရတဲ့ အမျိုးအစားတစ်ခုပဲ ”

သူ ( He)Where stories live. Discover now