18

113 6 7
                                    

[Zawgyi]
အချိန်တွေအကြာကြီး အတူရှိချင်ခဲ့ပေမယ့်
ဒီနေ့က ပထမဦးဆုံး စိတ်ပျက်မိခဲ့တဲ့အချိန်ဖြစ်လာခဲ့တယ်။

ဒီလူသာ အရာရာပါလို့ သတ်မှတ်ထားခဲ့ပေမယ့် သူ့အတွက်ကိုယ်က ဘယ်နေရာကမှကိုအရေးမပါခဲ့ဖူးဆိုတာသိလိုက်ရတာလေ။
ဘယ်လောက်တောင်မှ...။
ဒါက တကယ်ကိုဆိုးတာပဲ။

ရင်ထဲမှာ တမျိုးကြီး ဒီခံစားချက်က နှစ်မြို့စရာမကောင်းဘူးဖြစ်နေတယ်။

ဒါပေမယ့်လည်းလေ ဘာလို့ပဲဖြစ်ဖြစ် ချစ်နေတုန်းပဲ။
ရူးရလောက်အောင်ချစ်နေမိတုန်းပဲ။
အဲ့ဒီလူက ဘဝကြီးဖြစ်နေတုန်းပဲဟာကို ဘယ်လိုလုပ်ရမလဲ။

ကိုယ့်အတွက် ခြေတလှမ်းတောင် စ လှမ်းမလာချင်တဲ့သူ။
ကိုယ်အဆင်ပြေမပြေကိုသေးသေးလေးတောင်စိတ်ဝင်စားမှုမရှိတဲ့သူကိုမှလေ....
အမှတ်မရှိလွန်းတဲ့ နှလုံးသားက ချစ်နေတုန်းပဲတဲ့
ဝေးဖို့မရဲသေးဘူးတဲ့....။

ငါဘယ်လိုတောင် ရူးသွပ်နေမိတာလဲ။

ဒီနေ့မှာသိလိုက်ရတဲ့နောက်ထပ်အမှန်တရားတစ်ခုလဲရှိသေးတယ်။
ခင်ဗျားက အစကတည်းကငါ့ကို မလိုခဲ့တာပဲ။
ငါနဲ့တော့မတူဘူးထင်ပါရဲ့လေ...
ငါကသာခင်ဗျားကို လိုအပ်ခဲ့တာ။

ငါအရမ်း စွက်ဖက်နေမိတာလား။

ငါက ဒီအတိုင်း သူ့ရဲ့အလေးထားတာ လိုချင်မိခဲ့ရုံလေးပါ။
တအားလောဘတတ်မိသွားတာများလား။

သူဘာပဲလုပ်လုပ် ငါ့ကိုအသိပေးတာလေးလိုချင်ခဲ့တာ။
ငါဘာပဲလုပ်လုပ် သူသိချင်ချင် မသိချင်ချင် ငါက ပြောပြခဲ့ဖူးပါတယ်လေ။

သူတကယ်ကို မသိခဲ့ဘူးနဲ့တူတယ်။

ငါက တကယ်ကို သူ့အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့ရုံလေးပါပဲ။

တောင်းပန်ပါတယ် ။
ငါတအားကြီး လောဘကြီးမိသွားပြီထင်တယ်။

ငါဒီစကားတွေကိုပုံမှန်ဆိုမပြောချင်ခဲ့ဘူး။
ငါကလေ ခင်ဗျားကသာအလိုက်တသိနဲ့ ငါ့ကိုနားလည်ပေးစေချင်ရုံပါ။

ငါပြောမှမဟုတ်ပဲ
ငါမပြောရပါပဲ
ငါ့ဆန္ဒမဟုတ်ပဲ

ခင်ဗျားသဘောအရ
ခင်ဗျားဆန္ဒအရ လုပ်ပေးတာလေးလိုချင်ရုံပါ။

ခင်ဗျားရေ(complete)Where stories live. Discover now