❤️ 9 💚

1.8K 129 8
                                    

Unicode

* ကလေး ဟိုမှာအဆင်ပြေခဲ့တယ်မလား *

* ကိုကို့ကိုတိုင်ရအုံးမယ် ဟိုမှာကျွန်တော် ကျောင်းကိုရောက်ရောက်ချင်းအနိုင်ကျင့်ခံရသေးတယ် အဲ့တာကို ဒီကောင်နှစ်ကောင်ကဝင်ကူညီပေးတာလေ သိလား *

* ဘာ ဘယ်ခွေးကောင်တေလဲ ဟမ် ကိုကို့ကိုပြော ကိုကိုတောင်မထိရက်မကိုင်ရက်လေးမို့ ဘာမှတောင်မလုပ်ခိုင်းဘူး အနိုင်ကျင့်တယ်တဲ့ တောက်! ဘယ်ကောင်လဲ ဟမ် ကိုကိုလူလွှတ်ပြီး အသေရိုက်ခိုင်းလိုက်မယ် ကျစ် ဦးလေးကအဲ့တာတေမသိဘူးလား *

* အာကိုကိုကလည်း ရတယ် ဒီကောင်နှစ်ကောင်ဆေးလိုက်တာ ဟိုကောင်တေမှောက်သွားတာပါဆို *

အကြောင်သားကြည့်နေတာက လုချန်းနဲ့ဝီလီယမ်ပင် အမှန်တရားဆိုပေမဲ့ အနည်းငယ်တော့လွဲနေတယ်လေ။အဲ့နေ့ကရှောင်းကျန့်က ကျောင်းစတတ်တတ်ချင်း ဟိုကောင်တေအဖွဲ့က ရှစ်ယောက်ရှိတာ သူတို့ကအမြဲအသစ်ရောက်ကျောင်းသားတေကို အနိုင်ကျင့်နေကြ အဲ့တာကိုမကြိုက်တဲ့ လုချန်းနဲ့ဝီလီယမ်က ရှောင်းကျန့်ကိုအနိုင်ကျင့်နေတာကို မကြည့်ရက်လို့ဝင်ပါခဲ့တယ် ။မထင်ထားတာက ရှောင်းကျန့်ပြန်ခုခံလိုက်တာပဲ။အဲ့နေ့က...

<<<Flash back

* အာကျောင်းကြီးကအကြီးကြီးပဲ ကိုကို့ကိုလွမ်းလိုက်တာ ဟူး *

* ဟျောင့် ဆေးလိပ်ဝယ်ပေးစမ်း *

ရှောင်းကျန့်မျက်မှောင်တို့စုကျုံ့သွားခဲ့သည်။သူ့ဘဝမှာ ဘာမှလိုလေသေးမရှိအောင်ကိုကိုကထားခဲ့သည့်အပြင် အခုလိုခိုင်းစေမယ့်သူတောင်မရှိခဲ့။ကိုကိုကသူ့ကိုခိုင်းတဲ့မည်သူ့ကိုမဆို နောက်မခိုင်းရဲအောင် လုပ်ပစ်တတ်သည်။ထို့ကြောင့်ပဲသူ့ကိုခိုင်းရဲတဲ့သူရယ်လို့မရှိခဲ့ မတူတဲ့နေရာမှာ မတူတဲ့အဖြစ်အပျက်တေရှိတတ်တာကို လက်ခံပါသည်။သို့သော် နိုင့်ထက်စီးနင်းပြုလုပ်ခြင်းတော့မပါပါ။သူတစ်ပါးနိုင်ငံဖြစ်သောကြောင့် ရှောင်းကျန့်စိတ်တို့ကိုဆွဲဆန့်ကာ လေပူတစ်ချက်အားခပ်ပြင်းပြင်းချလိုက်သည်။

* မင်းသောက်ချင်တာကို မင်းဘာသာဝယ်လို့ရတယ် မင်းမှာလက်တေခြေထောက်တေအပြင် ပါးစပ်ပါပါတယ် *

Mafiaကြီးရဲ့အလှလေးကျန့် { Complete✓}Where stories live. Discover now