Uni
သားငယ်လေးဟာ အခုဆိုရင် ၁၀နှစ်သားလေးဖြစ်လေပြီ။ အရင်လိုကလေးမဟုတ်ပဲ အမြဲ လူကြီးဆန်ဆန်နေတတ်သည့် သားလေးဟာ ရှောင်းကျန့်နှင့် ဘင်ဘင့်ကိုသာချွဲပြီး ကျန်လူတိုင်းအပေါ်အေးတိအေးစက်ဆက်ဆံတတ်သေးသည်။
" ဒယ် ကျွန်တော်ကျောင်းသွားတော့မယ် "
" အင်း ဒယ်ဒီ သားအတွက် ကဒ်ထဲပိုက်ဆံထပ်ဖြည့်ထားတယ် "
" ဟုတ် ဘင်ဘင် လိုက်ပို့ "
" လိုက်ပို့လိုက်ပါ ဝမ်နင် အစည်းအဝေးကို ငါ့ကားမောင်းသွားမယ် သား သားကအခုမှ ဆယ်နှစ်ပဲရှိသေးတာနော် ဒယ်ဒီ ရန်ပွဲတေလိုက်မရှင်းချင်ဘူး ဒယ်ဒီပြောတာနားလည်လား "
" Hai wakarimashita! "
" ဂျပန်စကားကို ညှပ်မပြောနဲ့ ဒယ်ဒီနားမလည်ဘူး "
" ဟာ ဒယ်ဒီကလည်းဗျာ "
" မင်းကိုဂျပန်စကားကဘယ်သူသင်ပေးလိုက်တာလဲ "
" ... "
" ရှောင်းစစ်ကျွေးရိ! "
" ပါးပါး "
" ဘာ "
သားသားပြောလာသည့် ပါးပါးဟူသည့်အသံလေးသည် ခပ်တိုးတိုးနှင့် စွေးစွေးလေး။
" သား ပါး ပါးပါးနဲ့ဘယ်တုန်းကတွေ့တာလဲ "
" ပါးပါးနဲ့ သားသားတွေ့တာကြာပြီ ဒယ်ဒီ့ကိုမပြောပါဘူးလို့ သားကတိပေးထားတာကို "
" ဟား "
ရှောင်းကျန့်က မျက်ရည်များစွာနှင့် သားဖြစ်သူအား ပွေ့ဖက်လိုက်သည် ။ ဘာလို့လဲ ဘာကြောင့် ကိုကိုအသက်ရှင်တာကို ငါကဦးဆုံးမသိရတာလဲ သားသားနဲ့ဆိုရင်တောင် ကျွန်တော်ကိုကို့ကိုစိတ်ဆိုးတယ် ။
" အင့် "
ရှောင်းကျန့်ဟာ ရှိုက်ကြီးတငင်ကို ငိုလေတော့သည်။
" gomen "
" အင့် "
ရှောင်းကျန့်အား သားလေးသည် ပွေ့ဖက်ကာ ပွတ်သပ်ပေးနေစဉ် ရှောင်းကျန့်အား လာဖက်သည့် လက်တစ်စုံကြောင့် ရှောင်းကျန့် ခေါင်းထောင်လာခဲ့သည်။
" ကို...ကိုကို "
" အင်း ကိုကိုလေ....ကလေးရဲ့ ကိုကိုပြန်လာပြီ....ကိုကို ကလေးဆီကို အပြီးပြန်လာပြီ ကိုယ့်ကလေးငယ်လေးကို ကိုယ်သိပ်လွမ်းနေတာ "
YOU ARE READING
Mafiaကြီးရဲ့အလှလေးကျန့် { Complete✓}
FanfictionIntroဝင်ဖတ်ကြည့်ပါဗျာ ကျွန်တော်ဘာမှမပြောတော့ဘူး zhanyi fanfiction ဆိုတာတော့သေချာတဲ့အရာပါဗျ #Update ကြာနိုင်ချေရှိသည် ZSWW💯 S.D-1.1.2023 E.D-22.2.2023