"ဒီမှာ ထိုင်စမ်း ဝမ်ရိပေါ်"
ဝမ်ပါးစကားအဆုံး ရိပေါ်က နှုတ်ခမ်း ကိုခပ်ဖိဖိကိုက်ရင်း စောင်ပေပေပုံစံနဲ့ ဆိုဖာပေါ် ဆောင့်အောင့်ပြီး ထိုင်ချလိုက်တယ်။
ငုံထားတဲ့ခေါင်က မော့မလာပေမဲ့ မေးစေ့လေး တစ်လှုတ်လှုတ်ဖြစ်နေပုံက လုံးဝမကျေနပ်ဘူးလို့ပြောနေသယောင်။
နဂိုကတည်းက နဖူးဖော်ရစ်ဝဲကျနေတဲ့ပုံစံက ဖွာရာကျဲနေပေမဲ့အရိုင်းဆန်ဆန်လေးဖြစ်နေ၏
ကျောင်လစ်ပြီး အပြင်မှာရန်းကားခြင်းတိုင်းရန်းကားပြီး လူတစ်ခါနဲ့ရန်ဖြစ်နေတာ မင်းမရှက်ဘူးလား။
မင်းအဖေငါက လူဆိုးခေါင်းဆောင်မဟုတ်ဘူး မြို့ရဲ့ ဝန်ကြီး လုပ်နေတာ။
ရိပေရဲ့လက်လေးတွေက အဓိပ္ပါယ်မဲ့စွာ ကျောပိုးအိတ်ကြိုးလေးကိုဆုတ်ညစ်ခြေမွပုံကိုကြည့်ရရင် ဒီလောက်အဆူခံထိနေတာတောင် ဒေါသတွေက ပြေပုံမပေါ်သေး။
ငါရဲ့အရှိန်အဝါကြောင့်မင်းအခုလို ထင်တိုင်းကျဲပြီးဆိုးနေတာဘယ်ချိန်ရပ်မှာလဲ။
အဲ့လိုတော့မပြောပါနဲ့ ပါး
ပါးရဲ့ ဂုဏ်တွေရာထူးတွေဟာ ကျွန်တော်အတွက်တော့ မက်လောက်စရာမရှိဘူး။အဲ့ဒီအရာတွေကြောင့်ပဲ လူတွေကမျက်မုန်းကြိုးကျတယ် နောက်ကွယ်မှာအတင်းအဖျင်းတွေပြောကြတယ်။
တော်စမ်းပါကွာ ကိုယ်ကောင်းအောင်နေဖို့သာ အရေးကြီးတာပါ
ငါစကားကိုရှည်ရှည်ဝေးဝေး မပြောချင်ဘူး ။
အခုငါပြောနေတာကို သေချာနားထောင် မင်းဒီနိုင်ငံမှာဘဲ ကျောင်းဆက်တက်မလားမင်းဦးလေး ရှိတဲ့ US ကိုသွားမလား။ တစ်ခွန်းပဲဖြေ တစ်လမ်းပဲရွေး ။
မိတစ်ဆိုးလေးဆိုပြီး အလိုလိုက်ခါမှ ကြီးကျမှ ထိန်းမနိုင်သိမ်းမရဖြစ်တော့တာဘဲ။
ဝမ်ပါးလဲ ဒီသားတစ်ယောက်နဲ့တင် လက်မြောက်ရလောက်အောင်ပါပဲ..။
ခေါင်းမာတယ် ပြန်မပြောသလို နားလဲမထောင်ပြန်ဘူး ။
အခုလဲ ကြည့်ပါလား အမှားသာလုပ်ထားတာ မှားပါပြီလို့ တစ်ခွန်းမတောင်းပန် တဲ့အပြင် ပေကပ်ကပ် လုပ်နေသေးတယ်။