part 4

26 2 1
                                    

အမုန်းကင်းတဲ့ ချစ်ခြင်းနယ်မြေ (part 4)

အွန်းးးးးး.....အင်းးး

ရိပေါ် ရှောင်ကျန့် ပါးဖောင်းဖောင်းလေးကို ဆွဲညစ်ထားတော့ တစ် အွန်း အွန်းနဲ့ ဘာမှ ပြန်မပြောနိုင်တော့ဘူး..

ရိပေါ် ခဏ ကြာတော့မှလွတ်ပေးလိုက်တယ်..

ရှောင်ကျန့် ခဗျာ ရိပေါ်လုပ်လိုက်လို့ပဲလား ဒါမဟုတ် ဘေးက စာဖတ်နေတဲ့သူတွေ ကြည့်နေလို့ရှက်သွား တာလားတော့မသိ

မျက်နှာက ခဏထက်ပိုပြီး နီးလာတယ်..၊၊

ရှောင်ကျန့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့နှစ်ယောက် ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတာနဲ့ ပိုပြီး နေရခက်စေတယ်

ရှောင်ကျန့် ရှက်စိတ်ကြောင်ရော ပတ်ဝန်းကျင် ကိုအားနာလာတာကြောင့် စာကြည့်တိုက်ထဲက အမြန်ပြန်ထွက်ခဲ့ရတယ်၊၊

ရိပေါ်လဲ ရှောင်ကျန့် နောက်အတင်းပြေးလိုက်လာတာပေါ့..

ရိပေါ်..... မင်းကလဲ ရှက်တက်လိုက်တာကွာ ငါကစတာကို
  ရော့.... ဒီမှာ

မင်း ငှားပြီး ကျန်ခဲ့တဲ့ စာအုပ်တွေ
ငါကို စိတ်မဆိုးပါနဲ့ တော့နော်..

ရှောင်ကျန့် လဲ ဘာမှပြန်မပြောချင်တော့တာနဲ့ ရိပေါ်ဆီက စာအုပ်တွေယူလိုက်တယ်..

ရိပေါ်လဲ ရှောင်ကျန့် နောက်ကနေသာသာလေးပဲ လိုက်လာပြီး အဆောင်ကိုအတူတူ ပြန်ခဲ့ကြတယ်၊၊

ရိပေါ် ဘာရယ်ကြောင့်တော့မသိဘူး ရှောင်ကျန့် အခုလိုဖြစ်နေတဲ့ပုံလေးကိုပဲ သူသဘောကျနေမိတယ်၊၊

ဒါပေမဲ့ ဒီနေ့အဖို သူရှောင်ကျန့် ကိုထပ် မစမိအောင်နေရတော့မယ်၊၊

ဒီနေ့ သူရှောင်ကျန့် ကိုစတာတော်တော်လွန် သွားတာကိုး..

ရှောင်ကျန့် စိတ်ဆိုး သွားလာတော့မသိ အဆောင် ပြန်တဲ့လမ်းတစ်လျောက် ရှောင်ကျန့် ဘာစကားသံမှ ထက်မကြားတော့..

ရှောင်ကျန့်  အဆောင်ပြန်ရောက်တော့လဲ ကိုလုပ်စရာ လုပ်ညစာ စားပြီး

ညနေက ငှားလာတဲ့ စာအုပ်ကို ပဲဖတ်နေလိုက်တယ်။

ရိပေါ်  ကစကားလာပြောနေမှာဆိုးတာကြောင့် ရော မသိချင်ရောင် ဆောင်ပြီး စာအုပ်ပဲဖတ်နေလိုက်တယ်..

You've reached the end of published parts.

⏰ Last updated: Apr 08, 2023 ⏰

Add this story to your Library to get notified about new parts!

အမုန်းကင်းတဲ့ ချစ်ခြင်းနယ်မြေ Where stories live. Discover now