one

902 110 12
                                    

လက်ထဲကကတ်ထူပုံးကို ပလက်ဖောင်းပေါ်သို့ပစ်
ချကာ လူသည်လဲ ပလက်ဖောင်းပေါ်စိတ်ပျက်
လက်ပျက်ထိုင်ချလိုက်သည်။

"ဟူး...."

လေပူတစ်ချက်ကိုမှုတ်ထုတ်ကာကောင်းကင်ပေါ်
သို့မော့ကြည့်လိုက်တော့ ပကတိကြည်လင်ကာ
ရာသီဥတုကသာသာယာယာပင်ရှိနေသည်။
ထိုသို့အေးချမ်းနေသောရာသီဥတုနှင့်ဆန့်ကျင်စွာ
သူ့ရင်ထဲမှာတော့အပူမီးတောက်ကကြီးထွားလျက်။

ကောင်းကင်ကိုမော့ကြည့်နေရာမှခေါင်းငိုက်စိုက်ကျ
ကာလမ်းမထက်သို့အဓိပ္ပါယ်မဲ့စွာစိုက်ကြည့်
နေမိပြန်သည်။

ကားအသွားအလာရှင်းလင်းနေကာ ဘတ်စ်ကား
မှတ်တိုင်မှာပင်လူရှိမနေချေ။

လူတွေဘယ်နေရာများရောက်နေကြသလဲမသိ
တော့။

လေအေးတစ်ချက်အဝေ့မှာသစ်ရွက်ခြောက်တချို့
ပါလာပြီးမျက်နှာရှေ့မှကလူကျီဆယ်၍ ဖြတ်သန်း
သွားသည်။

'ဒေါက်...ဒေါက်...ဒေါက်...'

တဖြည်းဖြည်း နီးလာသည့် အသံကြောင့် ဘေးသို့
လှည့်ကြည့်လိုက်တော့ အဖွားအိုတစ်ဦးကစတီး
တုတ်တစ်ချောင်းဖြင့်လမ်းမထက်ထောက်ကာ
စမ်းတဝါးဝါးဖြင့်လမ်းလျှောက်လာနေသည်ကို
တွေ့လိုက်ရသည်။
ထိုအဖွားအိုပုံစံကမျက်မမြင်တစ်ယောက်
ဖြစ်ဟန်တူသည်။

ပလက်ဖောင်းပေါ်ထိုင်နေရာမှ ထကာအဖွားအိုရှိ
ရာဆီသို့သွားလိုက်ပြီး

"အဖွား...ဘယ်သွားချင်လို့လဲ"

အသံကြောင့်ထင်သည်အဖွားအိုက သူမရှိရာဘက်
သို့လှည့်ကြည့်ကာ

"ဒီနေရာနဲ့ဆန့်ကျင်ဘက်နေရာမှာ
ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင် ရှိသလား
မိန်းကလေး"

အဖွားအို၏အမေးကြောင့် သူမပတ်ဝန်းကျင်
ကိုကြည့်လိုက်တော့ ကားလမ်းမ၏အခြား
တစ်ဖက်မှာ ရှေးဟောင်းပစ္စည်းရောင်းသည့်
ဆိုင်ကိုတွေ့လိုက်ရသည်။

"ရှိတယ် အဖွား...အဖွားကအဲ့ဒီ့ဆိုင်ကိုသွားချင်
လို့လား"

"မိန်းကလေးကိုအဖွားအကူညီတစ်ခုလောက်
တောင်းချင်လို့"

You Can Call Me JennieWhere stories live. Discover now