Jisoo သတိရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့
အိမ်ပြန်ရောက်နေပြီဖြစ်သည်။
ဆိုဖာပေါ်မှငေါက်ခနဲထထိုင်လိုက်တော့ဧည့်ခန်း
ထဲအပြည့်ဖြစ်နေသည့်ပစ္စည်းတွေကိုကြည့်ကာ
မေးရိုးတွေအောက်သို့ပြုတ်ကျသွားသည်။"Ya....Jennie"
"ဘာလဲ"
"ဒါတွေကဘာတွေလဲ"
"ငါဝယ်လာတာလေ"
ထိုအခါမှ Jisoo သူမကိုကြည့်မိသွားပြီးပို၍ပင်
မင်သက်အံ့သြသွားသည်။
Jennie ကအဝတ်အစားအသစ်တွေနှင့်မလို့လေ။
သူမကတော့Jisoo ကိုဂရုမစိုက်ပဲဆိုဖာပေါ်ခြေဆင်း
၍ထိုင်နေကာTV မှာလာနေသည့်ဇာတ်လမ်းတွဲ
ကိုကြည့်နေသည်။"နင်...ဒါတွေကိုဘယ်ကပိုက်ဆံနဲ့ဝယ်ခဲ့တာလဲ"
"နင့်ကိုရောင်းစားပြီးဝယ်ခဲ့တာခဏနေနင့်ကို
လာခေါ်ကြတော့မယ်""ဟမ်"
Jisoo အလန့်တကြားဖြင့်ဆိုဖာပေါ်ကပြုတ်ကျ
သွားသည်။ထိုအချိန်မှာပင်လူခေါ်ဘဲလ်သံထွက်
လာတာကြောင့်အောက်သို့ပြုတ်ကျသွားသည့်
မျက်မှန်ကိုကုန်းကောက်နေရင်းမှJennie ကို
ကြည့်လိုက်သည်။"လာခေါ်ပြီထင်တယ်ငါနင့်အတွက်အထုပ်ပြင်
ပေးထားတယ်လိုက်သွားတော့"Jennie ကရီမုကိုင်တဲ့လက်ဖြင့်သူမကိုအထုပ်
တစ်ခုအားညွှန်ပြရင်းပြောသည်။Jisoo ပါးစပ်
အဟောင်းသားဖြင့်Jennie ကိုကြည့်နေသည်။
အဆက်မပြတ်မြည်နေသောဘဲလ်သံကြောင့်
သူမတံခါးဆီသို့ထွက်လာခဲ့သည်။
တံခါးကိုဆွဲဖွင့်လိုက်တော့အခန်းရှေ့မှာဘယ်သူ
မှရှိမနေချေ။
Jisoo ကြက်သီးထသွားသည်။Jennie TV
ကြည့်နေရင်းမှပြုံးလိုက်သည်။
Jisoo တံခါးပြန်ပိတ်လိုက်တော့လူခေါ်ဘဲလ်
သံကမြည်လာပြန်သည်။"Yah!...ငါ့ကိုစမနေနဲ့တော့"
"ဘာလဲငါဘာမှမလုပ်ဘူး"
ဘဲလ်သံကမြည်နေသေးတာကြောင့်Jisoo တံခါးကို
ဆွဲဖွင့်ကာJennie ကို"ဒါဆိုဒီတံခါးကိုဘယ်သူကဘဲလ်လာတီးနေတာလဲ
သရဲကလာတီးနေတာလား""ဘာ...ငါ့ကိုသရဲဟုတ်လား"
အနောက်ကအသံကြောင့် Jisoo လန့်သွားသည်။
သေပြီ။အိမ်ရှင်အဒေါ်ကြီးရဲ့ငှက်ဆိုးထိုးသံ။
Jennie ကသူမကိုပခုံးတွန့်ပြပြီး