ချည်မှခိုင် ထုံးမှမြဲ

2.1K 242 312
                                    


ဘာလိုလိုနဲ့ နွေရွက်ကြွေတွေတောင်
ဝေ့ဝဲတိုက်ခိုက်နေခဲ့ပြီ....

ဒီပုံစံဆိုဒီနစ်နွေဟာလည်း
အတော်လေးပူပြင်းမည်သာ.....

ကတ္တီပါဖိနပ်ပါးလေးနဲ့
အဓိပတိလမ်းမပေါ်ကရွတ်ကြွေ
တွေအားကြည့်ကာ ခပ်အေးအေးလေးလမ်းလျှောက်လာသူကတခြားသူတော့မဟုတ် ဘားအံတက္ကသိုလ်ကြီးတွင်
သတ္တဗေဒ ဒုတိယနစ်က
ကျောင်းသားလေးသာ...

ကရင်ရိုးရာချည်ထည်နဲ့ယတ်လုပ်ထားသောချည်လွယ်အိတ်လေးကိုဘေးတစောင်းလွယ်ကာ ရှပ်လက်တို အပြာရောင် ပုဆိုးအပြာရင့်ရောင်လေးနဲ့သူဟာ
နွေ၏ပူပြင်းမူ့တွေထဲအေးအေးချမ်းချမ်းလေးဖြစ်တည်လို့နေခဲ့၏။

""သက္ကရာဇ် က၂၀၁၀
ဇန်နဝါရီ လ ၂၁ မှာ တင်
နွေရဲ့ရသကိုစတင်လို့ရနေခဲ့ပြီ""

ခေါက်ထီးအမဲလေးကို
နေ၏အပူဒဏ်ခံနိုင်အောင်
ဆောင်းထားပြီး လောကကြီးအား
မေ့စွာသာယာသောလမ်းမထပ်တွင်
ခပ်ပြုံးပြုံး လေးလမ်းလျှောက်နေခဲ့၏။

သူဟာနာမည်နဲ့လိုက်အောင်
နွေးထွေးအေးချမ်းသူလေးသာ။

အဓိလမ်းမကြီး၏ အဆုံးတဖက်တွင်
လမ်ဘေးphဆိုင်လေးတွေနဲ့
မုန့်ဆိုင်လေးတွေဟာလည်း
ထိုခေတ်ထိုအခါ၏ ဖြစ်တည်မူ့လေးလိုသာ...

ကရင်ပြည်နယ် သားတွေဟာ
ရိုးသားပြုငှာကြပြီးစိတ်ရင်းလည်း
အလွန်ကောင်းကြ၏။

တောင်တန်းတွေနဲ့ စိမ်းမြနေတဲ့
မြစ်ချောင်းအင်းအိုင်တွေနဲ့
ဒီပြည်နယ်ကိုကျတော်သိပ်ကိုမှမြတ်နိုးလှ၏။

.....

နေပြင်းနေပြီမို့ ခပ်မြန်မြန် လေး
လျှောက်နေသောခြေ လမ်းလေးဟာ
လှပစွာသာ....

အခုကအဓိပတိလမ်း၏
အပြင်ဘက် ကားလမ်း
တဖက်ကိုကူးနေပြီမို့
...
လူသွားလူလာအများကြီးကိုမြင်နေရ၏

ထိုနေရာကအဆောင်တွေရှိရာ
နေရာသာ။

အဆောင်လမ်းတွေရှိရာဆိုတဲ့အတိုင်း
အဝတ်စားဆိုင်ကစပြီး
ထမင်းဆိုင် မုန့်ဆိုင်အစ
အတော်လေးဆိုင်တွေများ၏

လမ်းသွယ် လေးလမ်းလုံးဟာ
အဆောင်တွေကြီးပဲမို့
နယ်ကလူအားလုံးဟာဒီမှာသာနေထိုင်ကြ၏

ချည်မှခိုင် ထုံးမှမြဲ (ဝတ္ထုတို)Where stories live. Discover now