17

695 40 2
                                    

jungkook နိုးနိုးချင်း ဘေးစမ်းမိတော့ဦးကရှိမနေ ဟာလာဟင်းလင်းဖြစ်နေတာမို့ jungkook ငေါက်ကနဲ ကောက်ထလိုက်တာ ခေါင်းမူးသွားရသေးသည် အချိန်ကြည့်တော့၆နာရီ ဦးထတက်တဲ့အချိန်မဟုတ်မို့ ရေချိုးခန်းတွေစစ်ကြည့်ပြီးအောက်ဆင်းလာလိုက်သည် မီဖိုချောင်မှ ညှော်နံ့တွေကြောင့် jungkook အပြေးသွားလိုက်သည်

-ဦးဘာတွေလုပ်နေတာလဲ

-အ့

jungkook ရုတ်တရပ်ကြီးရောက်လာတာမို့taehyungလဲလန့်ပြီးဓားနဲ့မုန်လာဥနီ လှီးနေရာမှ လက်ထိသွားသည်

-ဟင်ပြပါအုံး

taehyung လက်ကိုဆွဲလုပြီး jungkook သူ့ပါးစပ်ထဲထည့်လိုက်သည် မျက်ရည်ဝဲတဲတဲနဲ့taehyungကို ငိုမဲ့မဲ့ဖြင့်

-ဘာလို့ထည့်လိုက်တာတုန်း ငါသွေးတွေကိုစုပ်နေတာ vampire လား

jungkook taehyungလက်ကိုကိုင်ဆဲွဲပြီး ဧည့်ခန်းထဲမှာထိုင်စေကာ ဆေးဗူးယူပြီး ဆေးထည့်ပေးရင်းပွစိပွစိပြောပါတော့သည်

-မနက်စောစောစီးစီးကြီးထပြီးဘာမှ မလုပ်တက်ပဲမီးဖိုချောင်ထဲ ဘာထချက်နေတာလဲ ထိတဲ့ဒဏ်ရာကသေးသေးလေးကိုတောင်ငိုနေသေးတယ်

-ဘာလို့ငါ့လာဆူနေတာလဲ ငါကမင်းကျောင်းသွားရင်ထည့်ပေးဖို့ ထမင်းချိုင့်လုပ်ပေးနေတာလေ

jungkookပြုံးလိုက်ပြီး taehyungဒဏ်ရာလေးကိုနမ်းလိုက်ပြီး

-မောင်သိတာပေါ့ ဒါပေမဲ့ဒီလိုအလုပ်တွေကို ဦးလုပ်စရာမလိုဘူးလေ မောင် ဘယ်လောက်ပဲ နေမကောင်းဖြစ်ပါစေ မောင်က ဦးကို ခြေမွေးမီးမလောင်လက်မွှေးမီးမလောင် ထားချင်လို့ကို မောင်ကိုယ်တိုင် လိုင်းပေါ်ကVdတေွကြည့်ပြီး ဦးမရိုးအောင်ချက်နေတာကို ဦးက ဇွတ်လုပ်တော့ မောင်စိတ်ကောင်းမယ်ထင်လား

taehyung jungkookရဲ့ချစ်မျက်ဝန်းတွေနဲ့စကားအသုံးအနှုန်းတွေကြောင့် ပိုပြီးမျက်ရည်ဝဲတက်လာသည် ကလေးရှက်ရင်ငိုတယ်တဲ့ ကလေးမဟုတ်ပေမဲ့ဒီကောင်လေးရှေ့မှာဆို ကိုယ့်ကိုယ်ကို ကလေးတစ်ယောက်လိုခံစားရသည်

-ငါကစေတနာနဲ့လုပ်ပေးတာကိုဝေသနာဖြစ်အောင်လုပ်နေတာလား ဟင့်

My dear uncle(completed)Where stories live. Discover now