taehyung jungkook ကိုမြင်တော့အရမ်းအံဩသွားသည်
-မဟုတ်မှ ငါတို့CEOအသစ်က jungkookလား daebak
-ကိုယ့်CEOကိုဒီလိုကြီးအထုတ်တွေသယ်ခိုင်းထားတာလား
jungkook taehyungအနားထိရောက်လာတော့ အရင်ကထပ်jungkookကအရပ်ပိုရှည်လာသည် သူ့ကိုအုပ်မိုးနေတာသောက်ကလေးက ၃နှစ်အတွင်းအဲ့လောက်ပြောင်းလဲနိုင်လို့လား
-ဟေး ပြောနေတာမကြားဘူးလား ငါစိတ်မရှည်ဘူးနော်
kim taehyungတစ်ယောက်သိသိသာသာရှုးရှဲဖြစ်ပါပြီး သူ့ထက်ဆယ်နှစ်ငယ်တဲ့ကလေးက ငါတဲ့
-ဟျောင့်ငါမင်းထက်ကြီးတယ်နော်ဘာကို ငါလဲ အကြီးကိုလေးစားရကောင်းမှန်းလဲမသိဘူးလား
မျက်နှာနီနီကြီးနဲ့jungkookကို မျက်မှောင်ကြီးကုတ်ပြီးကြည့်နေပါလေရော jungkookကတော့ မျက်နှာသေကြီးနဲ့သာတစ်ခဏငုံ့ကြည့်လိုက်သည်
-ကားဘယ်မှာလဲ
-ဟိုမှာ
jungkook taehyung လက်ညိုးထိုးရာနေရာကိုကြည့်လိုက်တော့ အရင်တုန်းက ကားအဖြူရောင်လေးပဲပင် ဒိတ်အောက်နေရင်တောင်စီးချင်စရာကောင်းအောင် တောက်ပြောင်နေတာပင် အင်းပေါ့ ကားအဟောင်းလေးကိုအတော်ချစ်တာလေ ထို့နောက် jungkook taehyungကို အထုတ်တွေဘက်ကိုမျက်စပစ်ပြလိုက်ပြီး ကားရှိရာဘက်ကိုသွားလိုက်သည်
-ဟျောင့်ငါပြောတာမကြားဘူးလားကန်းနေလား အကြီးကိုအကြီးလိုရိုရိုသေသေမဆက်ဆံဘူး
jungkook ငါးလှမ်းလောက်လျှောက်ပြီးtaehyungရှိရာစီပြန်လာပြီး taehyung နဖူးကိုသူ့လက်ညိုးနဲ့ထောက်လိုက်ပြီး
-အခုကျွန်တော်တို့ကြားမှာ အကြီးအငယ်အသက်ဆိုတာမရှိဘူးရာထူးပဲရှိတယ် ပါးစပ်ပေါက်ကိုပိတ်လိုက်တော့ နားချင်နေပြီး
လက်ဗလာနဲ့ကားစီကိုစတိုင်ကျကျသွားနေပြန်ပြီး အရပ်ကဒေါင်ဟပ်လို့ ဝတ်ထားတဲ့long coatကြီးနဲ့ smart ကျတာမို့ဘေးကလူတွေတောင်ငေးကြည့်နေကြသည်
taehyungအတွက်ချောလာပေမဲ့သူ့ကိုပြောသွားတဲ့စကားလုံးတွေကအရမ်းသူစိမ်းဆန်သည် taehyung တွေးရင်းပင်မျက်ရည်ဘူးသီးလုံးလောက်ကျလာသည်ကို မျက်နှာပြင်ပေါ်ကခံစားမိလိုက်လို့ သုတ်လိုက်ကာ အထုတ်တွေမနိုင်မနင်းသယ်ပြီး ကားစီအပြေးလာလိုက်သည်
YOU ARE READING
My dear uncle(completed)
Romanceဦး ကျွန်တော် ဦးကိုသဘောကျတယ် အမယ်ဒီကလေးနှယ့် မင်းက အဘိုးကြီးမှကြိုက်တာလား ဘယ်ကသာ ကြိုက်တာမဟုတ်ဘူး ချစ်တာ ဦးတစ်ယောက်ထဲကိုပဲ