“အရမ်းနာမည်ကြီး တယ့် Mafia ဂိုဏ်း တစ်ခု ရှိတယ်။နာမည်က DOOM တဲ့။သူတို့ ကလူသတ်ရင်တောင် ဘာမှမဖြစ်ဘူး။သူတို့ခေါင်းဆောင် ကအာဏာရှိတယ်တဲ့။သူ့နာမည်က JAY…”
လူတွေရဲ့ပါးစပ်ဖျား မှာပြောလေ့ရှိကြသည်။ ‘ခေါင်နီခ’ ထိုအရာများကို အမြဲတစ်စေ ကြားနေရသည်။သို့သော် သူမကြောက်။ ဂရုလည်းမစိုက်ပေ။ခနနေတော့ စာသင်ခန်း ထဲသို့ လူစိမ်း တစ်ယောက် ၀င်လာလေသည်။
ထိုလူ၏ ပုံစံမှာ အရပ်ရှည် သည်။ ခန္ဓာကိုယ် မှာတောင့်တောင့် ဖြောင့်ဖြောင့် ရှိသည်။ဆံပင်များကို သပ်တင်ထားသည်။နားထင်မှ နောက်စေ့သို့ ကလေးလက်ညိုး တစ်ချောင်းစာ အပြောင်ရိတ် ထားသည်။အဖြူရောင် shirt ကို ၀တ်ဆင်ထားပြီး အင်္ကျီလက်ကိုတစ်၀က်လောက် ခေါက်တင်ထားသဖြင့် ထိုလူ၏ လက်အကြောများအားမြင်နေရ သည်။black trousers နှင့် black leather walking shoes ကို၀တ်ဆင်ထားသည်။
စောနကလူ၏နောက်တွင်ဆရာဦးကျော်ပါလာသည်။ဆရာဦးကျော်က
"ကဲသားတို့ သမီးတို့ ဒါက မင်းတို့ဆရာအသစ်ပဲ။ 'အံ့လင်းထိန်' တဲ့။""မင်္ဂလာပါ ဆရာက အံ့လင်းထိန် ပါ။Jay လို့ခေါ်လို့ရပါတယ်။"
"ခဗျားကိုမေးကြလား။"
နောက်ဆုံးအတန်းက ကျောင်းသားများဖြစ်သည်။ သူတိုက ပိုက်ဆံရှိ သဖြင့် ဒီE.L.Cကို တက်ကြသည်။သို့သော်သူတို့စိတ်ဝင်စားပုံမပေါ်။
အတန်းထဲတွင် လိုက်ရမ်းကားနေကြသည်။ နွေရာသီ ပိတ်ရက်ဖြစ်သဖြင့် E.L.C ကိုလာတက်ကြသည်။
ခေါင်တို့က ချမ်းသာပါသည်။သို့သော် သူတို့လို တော့ မရမ်းကားပေ။ထိုသည်နှင့်ဆရာအသစ်ဆိုသူက...
"You can use only English language in this class"
(မင်းတို့တွေ အင်္ဂလိပ် စကားတစ်မျိုးပဲသုံးလို့ကမယ်။)ဟုပြောလေသည်။
'သူကျတော့စောနက မြန်မာလိုမပြောတာကြနေတာပဲ'ဟုခေါင်တီးတိုး ရေရွတ်မိလိုက်သည်။ထိုအခါ ဆရာအသစ်က ကြားသွားဟန်တူသည်။ ခေါင့် ကိုမျက်မှောင်ကြုတ်၍ ကြည့်လာလေသည်။
ခေါင်သူတို့ဘက်ကပြောပေးသည်တော့မဟုတ်ဒီတိုင်းပါးစပ်ထဲမှ ထွက်သွားခြင်းသာဖြစ်သည်။