"သားရေ နီနီ သားလေး ထတော့လေ"
"ဟမ်းးးး ငါးမိနစ်လောက်"
"ဘာကိုငါးမိနစ်လဲအခုထ"
"ဒါဆို ၁၀မိနစ်"
"ဟဲ့ဆရာလေး လာမယ်ထတော့"
ဟုဆိုပြီးခေါင့်မေမေ ကအခန်းလိုက်ကာကိုဆွဲဖွင့်လိုက်သည်။
"ဟာဗျာ မေမေ ကလည်းသူ ဒီနေ့မလာဘူး"
"ဟဲ့ဘာလို့ မလာ ရမှာလည်း"
"မလာဘူး။ သူနေမကောင်းလို့လာမှာ မဟုတ်ဘူး"
"မင်းကဘယ်လိုသိတာလည်း"
"မနေ့က ဖုန်းဆက်တယ်။ နေမကောင်းလို့မလာဘူးတယ့်"
"အဲ့တာဆို သူ့ကိုသွားတွေ့လိုက်ထ"
"ဟာ ဘာလို့တွေ့ရမှာလဲ မေမေကလည်း"
"ဟဲ့ကိုယ့်ဆရာ နေမကောင်းတာ သွားမတွေ့လို့ရမလား"
"သူ့အိမ်ကို သားမသိဘူး"
"ငါသိတယ်ထ"
"ဗျာ! မေမေ ဘယ်လိုသိလဲ"
"ငါ့ဟာ ငါဘယ်လိုသိသိ ထ"
"ဟုတ် ဟုတ်"
မေမေကတော့စိတ်လေပါတယ်။
ခေါင်အိပ်ယာမှ ပျင်းတိပျင်းရွဲထကာ ရေမိုးချိုးပြီး Jay စီကိုထွက်လာခဲ့သည်။
ခေါင်လိပ်စာအတိုင်းလိုက်လာပြီးတစ်နေရာသို့ရောက်သောအခါ...
"ကားဆရာဘာလို့ရပ်လိုက်တာလဲ"
"ဒီအိမ်ပါကွယ့် မင်းမောင်းခိုင်းတယ့်အိမ်က"
"ဗျာ! ဟုတ်ရဲ့လား ဦးလေး"
"ဟုတ်ပါတယ်ကွယ်။ဦးလေး ခြံထဲတော့ဝင်လို့မရဘူးကွယ့်"
"ဟုတ်ဟုတ် ဦးလေး"
ခေါင်ကားပေါ်က ဆင်းလာပြီးသူ့မြင်ကွင်း အရှေ့က အိမ်ကြီးကို မင်သက်စွာကြည့်နေသည်။နန်း...နန်းတော်ကြီးလား။ခြံကလည်းအကျယ်ကြီးပဲ။ငါတို့ခြံ ၁၀ခြံပေါင်း တောင် သူ့ခြံလောက်မကျယ်ဘူး။ အုတ်တံတိုင်းကလည်းအမြင့်ကြီးပဲ။
Private flight တောင်ရှိတယ်ဟ။ သူက ဒီအိမ်ကအလုပ်သမားလား?။