34

9K 710 87
                                    

unicode version

ဒီနေ့က သောကြာနေမို့ မနက်စောစော သားကို ကျောင်းပို့ပြီးတာနဲ့ မောင်ရော ကြီးမေရော ဆိုင်ဖွင့်ဖို့သွားကြပြီး ရှောင်းကျန့် ကတော့ နေ့လည်စာချက်ဖို့ပြင်နေသည်။
ကြီးမေရောသူရောက ရှိတာနဲ့စားတက်တာမို့
ဒီနေ့တော့ မောင့်အကြိုက် ဝက်သားနဲ့ သားအကြိုက်
ပုဇွန်ချက်မယ်ဟု တွေးထားသည်။

ဟင်းချက်စရာက တစ်ပတ်စာအပြီးဝယ်ထားတာမို့
​စျေးသွားစရာမလို့ပေ ။ ဒါကြောင့် ရေခဲသေတ္တာထဲက
ပုဇွန်နဲ့ဝက်သားကိုထုတ်ပြီး ရေအရင်ဆေးလိုက်သည်။
ပုဇွန်ကိုတော့ အခွံသေချာချွတ်ပြီး ခရမ်းချဉ်သီးလေးနဲ့
အချဉ်ချက်လေးချက်မယ်၊ ဝက်သားကတော့
အသားဗြောင်လေးတွေကို အဆုတ်လုံးလုံးပြီးကြော်မယ်၊
အရိုးရောနေတဲ့ အဆီနဲ့အသားရောရာကို အာလူးလေးနဲ့
နူးနပ်အောင်နှပ်လိုက်မယ်၊ ပြီးရင် ကြက်ဉလိပ်လေး လည်းလုပ်မယ် ၊ အရေသောက်အတွက်တော့
ငါးဟင်းချိုလေးတစ်ခွက်လုပ်လိုက်ပြီး အချဉ်ကြိုက်တဲ့
မောင့်အတွက် ဂင်ချီလေးလည်းရှိသေးသည််မို့
အဆင်ပြေသည်။

ဟင်းချက်နေတုန်း တဒုန်းဒုန်းအသံကြောင့်
တစ်ချက်ကြည့်လိုက်တော့ ဟိုဘက်အိမ်ရှေ့ ပစ္စည်းတင်တဲ့ ကားတစ်စီးထိုးရပ်သွားတာ မြင်ရသည်။ ထို့နောက်
ကားထဲက လူတွေထွက်လာပြီး ကားပေါ်ကပစ္စည်းတွေ
ချနေတာမို့ အိမ်ပိုင်ရှင်အသစ်တွေ ရောက်လာတာဖြစ်ရမည်။
အရင်အိမ်ပိုင်ရှင် ဒေါ်ကျောက်ချီနဲ့သူ့သားကတော့
သား၁နှစ်အရွယ်မှာဘဲ အိမ်ပြောင်းသွားကြတာဖြစ်ပြီး
ဘာလို့ပြောင်းသွားလဲတော့ သူတို့မသိရပါ။
ဒါပေမဲ့ ရက်ကွက်ထဲကလူတွေပြောတာကတော့
သူ့သမီး အခြေအနေပြန်ကောင်းနေပြီမို့ စိတ်ဒဏ်ရာ
ထပ်မရအောင် နေရာအသစ်ကိုပြောင်းသွားတာဟု သိရသည်။ ဒါကြောင့်လည်း ရှောင်းကျန့်ခုနေနေတဲ့
၅နှစ်အတွင်း နာအေးပါးအေး နေနိုင်တာဖြစ်သည်။

တွေးနေတုန်း မောင့်ကိုသတိရနေတာမို့
ဖုန်းလေးယူပြီး 'ယောကျ်ား လွမ်းနေပြီ 'ဆိုတဲ့
စာလေးတစ်ကြောင်းပို့လိုက်ကာ play listထဲက တရုတ်ခေတ်ဟောင်း သီချင်းတစ်ပုဒ် ဖွင့်လိုက်သည်။
အတိတ်ပြန်သတိရပြီးနောက်ပိုင်း မောင်ကအရေးအကြောင်း
ရှိရင်ဆက်သွယ်ရအောင်ဆိုပြီး ဖုန်းပေးကိုင်သည်။
ဒါပေမဲ့ ကျဲကျဲဝယ်ပေးထားတဲ့ ဖုန်းတော့မဟုတ်
'မောင်ဝယ်ပေးတာဘဲ ကိုင်ရမယ် 'ဆိုပြီး Remi
note 10 အနီလေး မောင်ကဝယ်ပေးထားသည်။

My very bad husband  belong to meDonde viven las historias. Descúbrelo ahora