kookie တစ်ယောက် ရှက်ပြီးထွက်ပြေးလာလိုက်တာ ကျောင်းအပြင်တောင် ရောက်မှန်းမသ်ရောက်လာသည်။
သူမခြေဖဝါးတစ်ဖက်နာနေလို့ ငုံ့ကြည့်မိမှ ဖိနပ်တစ်ဖက်ပါမလာတာကို သတိရသွားတယ်
ဟင်း ငါဒီနေ့ ဘာတွေဖြစ်နေမှန်းကိုမသိဘူး
အရင်ဆို ဒီလောက်ရင်မတုန်ပါဘူး
အာ မသိတော့ဘူး
ပဲခေါက်ဆွဲ နှစ်ပွဲလောက်စားရင်ကောင်းသွားမယ်ထင်တယ်
သူမလည်း ကျန်တဲ့ ဖိနပ်တစ်ဖက်ပါချွတ်ပြီး လက်က ကိုင်ကာ ပဲခေါက်ဆွဲစားရန် ထွက်လာတော့သည်။
~~~~~~~~~~~~~~~~ထိုအချိန် ကျောင်းခေါင်မိုးထပ်တွင်
Yeollie ။ ။ ဟို ဟို လေ ရော့
သူမ ဆီကအသံကြားတာကြောင့် သူလည့်ကြည့်လိုက်တယ်
သူမကြည့်ရတာ စိုးရိမ်နေပုံပဲ လက်ထဲက plaster လေးကို ထိုးပေးနေတယ်
Woohyun ။ ။ ဘာလဲ
Yeollie ။ ။ ဟို သွေးထွက်နေလို့ ကပ် ကပ်ထားပါလား
Woohyun ။ ။ မင်း ကပ်ပေး
Yeollie ။ ။ ရှင်
Woohyun ။ ။ ဘာလဲ မလုပ်ပေးချင်ဘူးလား
Yeollie ။ ။ မ မ မဟုတ်ပါဘူး
Woohyun က သူ့မျက်နှာကို ရှေ့တိုးပေးလိုက်သည်
သူမလဲ plaster လေးကိုခွာပြီး သူ့မျက်နှာပေါ်က ဒဏ်ရာလေးကို ကပ်ပေးလိုက်တယ်
ပြီးတော့ နောက်ကိုနှစ်လှမ်းလောက် ဆုတ်လိုက်တယ်
သူကရှေ့တိုးလာပြီး သူမနားကပ်လိုက်တယ်
Yeollie ။ ။ ဘာ ဘာဖြစ်လို့လဲ
Woohyun ။ ။ မင်းက Lee Yeollie ဟုတ်ပြီ
သူပြောပြီးတော့ လွယ်အိတ်ထဲက တစ်စုံတစ်ခု ကို ထုတ်လိုက်တယ်။
ဘောပင်တစ်ချောင်း
ပြီးတော့ သူမလက်ကိုဆွဲလိုက်တယ်
လက်ခုံမှာ ဘောပင်နဲ့ရေးလိုက်တယ်
"Nam Woo Hyun"
Yeollie ။ ။ ဘာလုပ်တာလဲ
Woohyun ။ ။ တံဆိပ်ခတ်တာ ခုချိန်ကစပြီးတော့ မင်းက ငါ့ အပိုင်ပဲ
YOU ARE READING
It's LOVE
FanfictionPark Chan Yeol Kim Tae Hyung Nam Woo Hyun Kim Myung Soo Oh Se Hun Byun Baekkie Jeon Kookie Lee Yeollie Xu Luhannie