ချစ်ရသော စာဖတ်ပရိသတ်များဆီသို့
စာရေးသူ အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်သည်မှာ ၂နှစ်ကျော်လောက်ကြာမြင့်ခဲ့ပြီ။ ဒီတစ်ခါတော့ ဒီဝတ္ထု "အရှေ့တောင်အရပ်မှ တမ်းချင်း"ဆိုတဲ့ကိုအပြီးသတ်မည်ဟု ဆုံးဖြတ်ထားသည်။ ဤဝတ္ထုအားပြီးဆုံးအောင် အပြီးသတ်ပြီးမှသာ "၃၆၅မှတည်သောမေတ္တာတရား"ကို ပြန်လည်စီစစ်ရေးသားမည်ဟု ဆုံးဖြတ်ထားသည်။ "၃၆၅ မှတည်သောမေတ္တာတရား"ကို ယနေ့ထိဖတ်ရှုအားပေးသော ပရိသတ်တစ်ဦးချင်းစီအား ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောကြားချင်ပါသည်။
"အရှေ့တောင်အရပ်မှ တမ်းချင်း"တွင်ပါဝင်သော ဝတ္ထုဇာတ်ဆောင်တွေကို ထိုင်းလူမျိုးကောမြန်မာလူမျိုးပါ ရောထားခြင်းဖြစ်သည်။ထို့ကြောင့်ဖတ်ရှုသည့်အခါ မြန်မာလူမျိုးအချင်းချင်း မြန်မာစကားပြောသကဲ့သို့ ထိုင်းလူမျိုးအချင်းချင်းလည်းထိုင်းစကားပြောပါသည်။သို့သော် ထိုင်းနှင့်မြန်မာစကားပြောသည့်အခါ အင်္ဂလိပ်စကားပြောခြင်းဖြစ်ကြောင်း မှတ်သားစေလိုပါသည်။
ထို့အပြင် ယနေ့ညသုံးပိုင်းတင်ပြီးသည်နှင့် နှစ်ရက်တစ်ခါမှသာ update လာတော့မည်ဖြစ်ကြောင်း ကြိုတင်သတိပေးချင်ပါသည်။
မှစာရေးသူ
လောဝ်လျန်
YOU ARE READING
အရှေ့တောင်အရပ်မှ တမ်းချင်း
Romanceရှမ်းပြည်မှာပျော်ရွှင်စွာနေထိုင်နေသော ရှမ်းမချောလေးတစ်ဦးဖြစ်တဲ့ နန်းခေးမွေဟွမ် တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဘန်ကောက်မြို့သို့ရုတ်ချည်းပြောင်း၍ကျောင်းသွားတက်ရသောအခါ ထိုင်းနိုင်ငံရဲ့ထိပ်တန်း ကုမ္ပဏီ ပိုင်ရှင်သူဌေးသမီး "ဖိဖရင့်"နဲ့ ရှေးကံကြမ္မာ...