(1)

22 4 0
                                    

Zg

လေပြေမှာ တဖြူးဖြူးတိုက်ခတ်လျက်ရှိသည်။လေပြေသည် သူနှင့် အတူပါလာသော သစ်ရွက်ခြောက်တစ်ချို့အား ဤအရပ်ဒေသမှ မည်သည့်အရပ်အရပ်ဒေသကို ထပ်မံ၍ သယ်ဆောင်သွားမည်နည်း။

သူရိမ်နေမင်းကြီး၏ ရောင်ခြည်မှာ ထနှောင်းကုန်းရွာလေးကို လွမ်းမိုးထားကာ အလင်းရောင်များထောက်ပံ့ပေးနေသည်။ အနီးနားရှိ ရွှေရင်အေးချောင်း၏ ရေစီးသံမှာ တယောကြိုးများအား ညှင်သာစွာတီးခတ်သကဲ့သို့ပင် သာယာညိမ့်ညောင်းလှပသည်။

ရွာလမ်း တစ်ဖတ်တစ်ချက်စီ၌ ထနှောင်းပင်များမှာ ခရီးသွားများ အေးချမ်းစွာအနားယူနိုင်ရန် အကိုင်းများအား အစွမ်းကုန်ဆန့်သန်းပေးနေသည့်အလား အုပ်အုပ်မှိုင်းမှိုင်းနှင့်ပင်ဖြစ်သည်။ ကျေးငှက်တစ်ချို့မှာလည်း သစ်ကိုင်းများ၌ နားကာ တေးသံသီကျူးနေကြသည်။ ဤထနှောင်းကုန်းရွာကလေး သာယာပုံမှာ စာနှင့်ပင်ဖွဲ့ဆိုမရအောင် ပကတိလှပလျက်ရှိသည်။

"ဗျို့ ...အရီးလေး"

"အေး ဖိုးခွားဝင်ခဲ့လေ"

"အရီးလေးဘာတွေချက်နေတာလဲ"

"ထွေထွေထူးထူးတော့မရှိပါဘူးအေ နင့်ကိုကြီးကြိုက်တဲ့ ငါးခြောက်ဖုတ်လေးရယ် ခရမ်းချဉ်သီးပန်ထွေဖျော်ရယ် ခြံစီးရိုးဟင်း ဒါဘဲ"

"ဗိုက်တောင်ဆာသွားပြီဗျာ သူကြီးရော ဘယ်မှာလဲ"

"နင်တို့သူကြီးက ရွာအရှေ့ပိုင်းကိုသွားတယ်တော့်"

"ဟုတ်လား အ့တာဆို ကျွန်တော်လိုက်သွားဦးမယ်"

"အေးအေး ဘာကိစ္စရှိလို့လဲ"

"ရွာကိုကျောင်းဆရာလေးအသစ် ရောက်လာလို့ဗျ"

"ဒါကောင်းတဲ့ကိစ္စပါအေ သွားသွားမင်းတို့သူကြီးက အရှေ့ပိုင်းက ကိုဇော်တို့အိမ်မှာ"

"ဟုတ်ကဲ့... သွားပြီနော်အရီး"

ဖိုးခွားအိမ်ရှေ့ကထွက်သွားမှ မနွဲ့စန်းလည်း အိမ်နောက်ဖေးပြန်ဝင်ကာ ငှဲ့လက်စထမင်းအိုး ဆက်ငှဲ့နေလိုက်သည်။

ဤထနှောင်းကုန်းရွာကလေးသည် ယခုကဲ့သို့ ကျောင်းဆရာရောက်လာသည့်ကိစ္စမှာ အလွန်ရှားပါးလှပေသည်။ လွန်ခဲ့သည် သုံးနှစ်က ကျောင်းဆရာမလေးနှစ်ယောက်နှင့်ဆရာ‌လေးတစ်‌ယောက်သာ တာဝန်ကျခဲ့ပြီး နောက်ထပ်တာဝန်ကျသည့် ဆရာများမရှိသောကြောင့် ပညာရေးသည်လွန်စွာ မပေါက်ရောက်ပေ။ယခုကျောင်းဆရာလေးအသစ်ထပ်ရောက်ခြင်းမှာ ဝမ်းမြောက်စရာအတိပင်ဖြစ်သည်။

မလွန်ဆန်နိုင်စွာ ကြွေလွင့်ခဲ့ရသော နှင်းဆီဖြူတစ်ပွင့်(Ongoing)Where stories live. Discover now