Zg
ညနေခင်းနေဝင်ချိန်သို့ ရောက်ရှိချိန်တွင် တစ်နေ့လုံးထွန်းလင်းတောက်ပနေသော သူရိမ်နေမင်းကြီးမှာ တောင်တန်းများအနောက်သို့ တစ်စနှင့်တစ်စပုန်းရှိုးကွယ်ရှိုးပျောက်ကွယ်မည့်ဆဲဆဲ ဖြစ်နေသည်။
ထိုအချိန်တွင် ရွာမြောက်ဘက်ရှိ ရွှေရင်အေးချောင်းအနီး မတ်တပ်ရပ်ကာငေးနေသော ကောင်လေးတစ်ယောက်ရှိသည်။ထိုကောင်လေးဆီသို့လျှောက်လှမ်းလာသော ကောင်လေးတစ်ယောက်လဲရှိသည်။ အတွေးလွန်နေသော ကောင်လေးနှင့် ထိုကောင်ကောင်လေးအား ငေးစိုက်ကြည့်နေသော ထိုနှစ်ယောက်မှာ နေဝင်ဆည်းဆာချိန်နှင့်လိုက်ဖက်လှကာ ပိတ်သားပေါ် ဆေးရောင်ခြယ်ရေးဆွဲထားသကဲ့သို့ အလွန်လှပတင့်တယ်လှပေသည်။
"ကျောင်းကိုအသစ်ရောက်လာတဲ့ဆရာလေးလား"
ထိုအသံကြားမှအတွေးလွန်နေသော ကောင်လေးသည် သက်မဲ့အရုပ်လေးမှ အသက်ဝင်လာသကဲ့သို့ အသံကြားရာသို့လှည့်ကြည့်လာသည်။
"ဟုတ်ပါတယ် "
"ဪ ဒီမှာနေဝင်တာလာကြည့်နေတာလား"
"အင်း မြို့ပေါ်မှာက ဒီလိုမြင်ရတာရှားတယ်လေ"
ထိုကောင်လေးသည် မိမိအတွေးလွန်ခဲ့သည်ကို ဝန်မခံခဲ့ပါချေ။
"ကျွန်တော့နမည်က မှိုင်းညို့မင်းရန်ပါ"
"သူကြီးသားမဟုတ်လား"
"ဟုတ်တယ်ဗျ ဒါနဲ့ဆရာလေးက လှတယ်နော်"
ရက်စွဲ၏ မျက်ဝန်းအိမ်၌ အရိပ်အယောက်တစ်ချို့ပေါ်လာခဲ့သည်။ မေ့ဖျောက်ထားလိုက်ပါ။
"ယောက်ျားလေးတစ်ယောက်ကိုလှတယ်မပြောရဘူး ချောတယ်ပြောရတယ်"
"ကျွန်တော်ကရွာသားဆိုတော့ စကားပြောသိပ်မတက်လို့ အမှားပါသွားရင်တောင်းပန်ပါတယ်ဗျ"
ရွာပတ်သောင်းကျန်းနေသော သူကြီးသားမင်းရန်မှာ ကျောင်းဆရာလေးရက်စွဲရှေ့ သူမဟုတ်သလိုပင်။
နှစ်ယောက်သားဘာမှဆက်မပြောဖြစ်ကြဘဲ အရှေ့မှ နေဝင်ချိန်ကိုသာ ငေးကြည့်နေမိကြသည်။~~~~~~~
မင်းရန်တစ်ယောက်ရွာကိုကျောင်းဆရာလေးရောက်နေသည် ကြားသည်မို့ ထိပ်တုံးမှလွတ်တာနဲ့မေးကာ ထိုဆရာလေးအားလိုက်ရှာခြင်းဖြစ်သည်။
သူထိုဆရာလေးကိုတစ်ခါမှမမြင်ဖူးပေမယ့် အရမ်းတွေ့ချင်စိတ်ပြင်းပြခဲ့သည်။
YOU ARE READING
မလွန်ဆန်နိုင်စွာ ကြွေလွင့်ခဲ့ရသော နှင်းဆီဖြူတစ်ပွင့်(Ongoing)