Ch 1 Zawgyi

247 17 0
                                    

ကျဉ်းမြောင်းသော လမ်းကျဉ်းလေးထဲတွင်ဖြစ်သည်။

ကွဲအက်နေသောနံရံများပေါ်တွင် အစက်အပြောက်များရှိနေပြီး ကပ်ထားသည့်ကလေးပျောက်ကြော်ညာများမှာလည်း တစ်ဝက်လောက်ထိစုတ်ပြဲနေခဲ့သည်။အုတ်အော်သောင်းနင်းဖြစ်ကာ ဆူညံပွက်လောရိုက်နေသောအသံများက လမ်းကျဉ်းလေးထဲကနေပေါက်ကွဲထွက်လာသည်။ ရံဖန်ရံခါတွင် အသားကိုလက်သီးနှင့်ထိုးမိသည့်အသံများထွက်လာသည့်အပြင် ပြင်းပြင်းထန်ထန်ဆဲဆိုကျိန်ဆဲနေသည့်အသံများလည်းထွက်လို့လာသည်။

ထိုနေရာသို့ ဝမ်လုအန်းရောက်လာချိန်တွင် အတွင်းထဲမှနာနာကျင်ကျင် အော်ဟစ်ငိုယိုနေသောအသံများကိုကြားလိုက်ရသည်။ သူ့နှလုံးကတုန်လှုပ်သွားခဲ့တယ်။ ထို့နောက်သူ့အိမ်ကနေ ခိုးယူလာခဲ့သော ဘေ့စ်ဘောရိုက်တံကို ကိုင်မြှောက်ပြီး ကျယ်လောင်စွာအော်ဟစ်ကာ လမ်းကြားထဲသို့ပြေးဝင်လာခဲ့သည်။

"ငလူး ခွေးမသားတွေ ခိုးကြောင်ခိုးဝှက်နဲ့တိုက်ခိုက်တယ်! မင်းတို့ကငါ့ညီအစ်ကိုကို ထိရဲတယ်ပေါ့လေ?! မင်းတို့ဒီနေ့လွတ်မယ်မထင်နဲ့! ခဏစောင့် ယွိဖန် ငါလာ_"

လမ်းကျဉ်းလေးထဲက အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် ဝမ်လုအန်းရဲ့ခြေလှမ်းတွေ ချက်ခြင်းရပ်တန့်သွားခဲ့တယ်။ သူအခုလေးတင်ပြောလို့မပြီးသေးသော စကားလုံးများကိုအစာအိမ်ထဲသို့ ပြန်မျိုချလိုက်ရသည်။

လူအများကြီးက မြေပြင်ပေါ်တွင်တွန့်လိမ်ကောက်ကွေးလျက် လဲကျနေတာကိုသူမြင်လိုက်ရတယ်။ သူတို့ရဲ့ဒဏ်ရာတွေကိုဖိထားကာ ညည်းညူလျက်နာကျင်မှုကြောင့်ပင့်သက်ရှိက်နေကြသည်။ ၎င်းတို့ထဲတွင် ကတုံးဆံပင်ပေါက်ပုံစံနှင့်လူက အဆိုးဆုံးအခြေအနေဖြစ်လျက် နာကျင်မှုကြောင့်ရှူးရှူးရှဲရှဲအော်မြည်နေလေသည်။

ထိုကတုံးဆံပင်ပေါက်ကောင်နားတွင် လူတစ်ယောက်ရပ်နေခဲ့သည်။

ကောင်လေးက သွယ်လျပြီး အရပ်ရှည်သည်။ သူ့ရဲ့အင်္ကျီလက်တွေကို တံတောင်ဆစ်ထိ ခေါက်တင်ထားကာ သူ့ရဲ့ဖြူဖွေးနေသောလက်ဖျံကို ဖော်ထုတ်ပြထားသည်။

ကျောင်းဆင်းရင်ငါ့ကိုစောင့်နေပါ ⪻ဘာသာပြန်⪼Where stories live. Discover now