Chapter 6

355 80 22
                                    

<ငါ့နှလုံးသားကိုမင်းဆီဖော်ပြဖို့အတွက် ဒီစာရေးဖို့ဆုံးဖြတ်လိုက်တယ်>


*******

"......"

စာသင်ခန်းက သေလောက်အောင်တိတ်ဆိတ်သွားခဲ့သည်။

အေးမြသောလေပြင်းရဲ့ တိုးဝှေ့တိုက်ခိုက်မှုကြောင့် ခန်းဆီးလိုက်ကာစတွေက တဖျပ်ဖျပ်လွင့်ခါသွားကြပြီး စာသင်ခုံပေါ်ပစ်တင်ထားခဲ့သောဖုန်းက နှစ်ကြိမ်တိုင်တိုင်တုန်ခါသွားကာ ယွိဖန်ကိုထိတ်လန့်နေသည့် အခြေအနေမှပြန်ဆွဲခေါ်လာသည်။

သူ ချန်ကျင်ရှန်းကိုအကြာကြီး စိုက်ကြည့်နေခဲ့တယ်။

ချန်ကျင်ရှန်းရဲ့ အမူအရာကအလွန်တည်ငြိမ်နေဆဲပင်။ သူ့လက်ချောင်းများအောက်ရှိ ဒီငတုံးရည်းစားစာကြောင့်သာမဟုတ်ရင် ယွိဖန်က သူထင်ယောင်ထင်မှားဖြစ်ကာ နားကြားလွဲခြင်းသာဖြစ်မည်ဟု သံသယဝင်မိလိမ့်မယ်။

အချိန်အကြာကြီး မတိုးသာမဆုတ်သာအခြေအနေနှင့် တိတ်ဆိတ်နေခဲ့ပြီးနောက် ယွိဖန်လက်သီးကို အကြိမ်အများကြီး ဆုပ်လိုက်ပြန်ဖြန့်လိုက်နဲ့ လုပ်နေခဲ့ကာ နောက်ဆုံးတွင်တော့ ပြန်ထိုင်ချလိုက်သည်။

ဆဲလ်ဖုန်းမြည်သံက ခေါင်းကိုက်စေရလောက်အောင် ကျယ်လောင်လာသည်။သူကဖုန်းကို အသံပိတ်လိုက်ကာ အဆုံးတွင်တော့ သူကစကားဟလို့လာတယ်။ "မင်းရူးနေတာလား? ငါကယောက်ျားလေးလေ"

ချန်ကျင်ရှန်းကစားပွဲပေါ်၌ စာကိုတင်ထားလိုက်ပြီး ဖြောင့်ဖြောင့်တန်းတန်းမတ်တပ်ရပ်လျက် "ငါသိတယ်"

"မင်းသိတယ်ဆို မင်း..." ယွိဖန်ရပ်သွားကာ "မင်းကဂေးလား?"

ချန်ကျင်ရှန်းက မျက်လွှာလေးချလျက် ခဏလောက်တိတ်ဆိတ်နေခဲ့ပြီးနောက် သူ့လည်ချောင်းထဲမှ အသံခပ်အုပ်အုပ်ထွက်လာသည်။ "အင်း"

"...."

ချန်ကျင်ရှန်းမေးလိုက်တယ်။ "မင်းဂေးတွေကို မုန်းလို့လား?"

"....အဲ့လိုကြီးတော့လည်း မဟုတ်ပါဘူး" ခဏကြာပြီးမှ ယွိဖန်ပြန်တုံ့ပြန်သည်။ သူကပြတင်းပေါက်အပြင်ကိုကြည့်နေရင်းမှ အလျင်အမြန်ထပ်ပြောလိုက်သည်။ "ဒါပေမယ့်ငါက ဂေးမဟုတ်ဘူး။ ငါကောင်မလေးတွေကို ကြိုက်တယ်"

ကျောင်းဆင်းရင်ငါ့ကိုစောင့်နေပါ ⪻ဘာသာပြန်⪼Where stories live. Discover now