Part - 4

836 80 12
                                    

Unicode :

ဂိုအာကျွန်းမြို့စုကလေးကို စပြီး
တွေ့လိုက်ရတဲ့ အချိန်ကတော့
မနက်ခြောက်နာရီကျော်နေပြီလေ ။

နေရောင်က လင်းလင်းချင်းချင်းကြီး
ထွန်းလင်းတောက်ပနေတယ် ၊
တဖွဲဖွဲကျဆင်းပြီးတဲ့ နှင်းတွေကလည်း
ပျောက်ကွယ်သွားပြီး ဂိုအာနားကို
အရောက်မှာတော့ ပဲ့ပိုင်းနစ်ပြီး
မော့နေတဲ့ စက်လှေကြီးတစ်စင်းကို
စိတ်မချမ်းသာစရာ တွေ့မြင်လိုက်ရတယ်။

"ဟိုမှာကြည့်စမ်း..အကိုထယ်ယောင်း
စက်လှေကြီးနစ်နေတာ စိတ်မချမ်းသာစရာကြီးနော် "

ဂျွန်လက်ညိုးထိုးပြတဲ့ဆီကို
လှမ်းကြည့်ပြီး Tae Hyung
သက်ပြင်းတစ်ချက် ချလိုက်တယ်။

"အင်း ဟုတ်တယ် ၊ အဲဒီထဲမှာ
လူတွေ ဘယ်လောက်ပါပြီး
ဘယ်လောက်တောင် အသေအပျောက်
ရှိလိုက်မလဲ မသိဘူးနော်  ၊
ဒီစက်လှေပေါ်က လူတွေကို
ကြည့်ရတာ နေထိုင်စရာ
လိုက်ရှာရင်းနဲ့  ဒီကိုအရောက်မှာ
ခုလို အဖြစ်အဆိုးနဲ့ တိုးသွားတာနဲ့
တူတယ် ၊ ဒီစက်လှေကြီးပျက်စီးသွားတာ
နှစ်တွေ အတော်ကြာနေပေမယ့်
စက်လှေကြီးဘေးက
စာတန်းကတော့ မပျက်သေးဘူးလေ "

Tae Hyungပြောတော့မှာပဲ
ဂျွန်လည်း စက်လှေကြီးပေါ်က
စာတန်းကို သတိထားမိသွားတယ်။
နေရာသစ်ရှာသူများဆိုတဲ့ စာတန်း။

နေရာသစ်ကိုလိုက်ရှာရင်းနဲ့
ဒီနေရာအရောက်မှာ အကုသိုလ်ဆိုးနဲ့
ကြုံတွေ့သွားရတာ ထင်ပါလေရဲ့ ။

ဘာကြောင့်လဲ မသိဘူး  ၊
အဲဒီစက်လှေကြီးကို ကြည့်ပြီး
အငွေ့သက်တစ်ခုခုက သူ့ရဲ့စိတ်ကို
စိုးမိုးချယ်လှယ်လိုက်သလို ခံစားမိလိုက်တာကတော့ အမှန်ပဲ ၊ စက်လှေကြီးကို ကြည့်ရင်း
မျက်စိထဲကို မြင်ကွင်းမြင်ကွတ်တွေ
ဝင်လာသလိုပဲ ။ သတ်ဖြတ်တာတွေ ၊
ထိုးတာခုတ်တာတွေ အော်သံဟစ်သံတွေ
ပြီးတော့ သွေးရဲရဲ သဲံရဲရဲ ။ ထိုနောက်
စကားသံအချို့တွေ ။

"တောင်းပန်ပါတယ် ကိုယ့်ကလေးရေ
ဒီချိန်မှာတော့ မင်းကို ကိုယ်မကွာပေးနိုင်ဘူး
ဒါပေမယ့် ကိုယ်လက်စားချေပြီး
မင်းဆီလာခဲ့မှာမလို့ စောင့်နေပေးပါ
ကိုယ့်ကလေးငယ်ရေ~"

ɢᴏᴀ's ʟᴏᴠᴇ {ᴄᴏᴍᴘʟᴇᴛᴇ✔️}Where stories live. Discover now