ဂင်မင်ဂျွန်း
အချိန်အားဖြင့် တစ်လကုန်ဆုံးခဲ့ပြီ...
ကွာရှင်းခွင့်ကလည်းပုံမှန်ဆိုသုံးလေးလကြာမှာဖြစ်ပေမယ့် နောက်ကွယ်ကကူညီပေးနေတဲ့တစ်စုံတစ်ယောက်ကြောင့် ဒီနေ့ကအမိန့်ချမှတ်မဲ့နောက်ဆုံးနေ့ပဲ ပေါက်ဆီလုံးလေးကတော့အရင်ကထက်လုံးလုံးကစ်ကစ်လေးဖြစ်လာတယ် သူကတော့စာသင်ဖို့လည်းမသွားဖြစ်သေးဘူး ပေါက်ဆီလုံးလေးကိုလည်းသေချာစိတ်မချနိုင်တာပါတယ် 'အဟမ်း ပျင်းတာလည်းထည့်ပြောလေ..''ပိတ်ထားစမ်း...'
'ဒါနဲ့မင်းငါ့ကို ဇာတ်လိုက်ရဲ့စိတ်ဝင်စားမှု ရာခိုင်နှုန်းမပြတာကြာပြီနော်'
'အော်ဟုတ်သားပဲ မေ့နေတာ ဟီးဟီး'
မင်ဂျွန်းကတော့ဖြစ်ရမယ်ဆိုတဲ့မျက်နှာနဲ့သာကြည့်နေလိုက်တယ်
'ဟို ဇာတ်လိုက်ရဲ့စိတ်ဝင်စားမှုက ပြည့်..ပြည့်သွားပါပြီhost..'
'ဘာ အဲ့တာဆိုဘာလိုmission barကမပြည့်တာလဲ'
'အဲ့တာကရှင်းပါတယ် ဟိုကချစ်တယ်မှမပြောသေးတာ'
'အော်အေးပါကွာ ငါပဲမှားပါတယ်'
"မင်ဂျွန်းရေ ပန်းတွေရောက်လာပြန်ပြီ"
"အာဟုတ်ကဲ့ ကျနော့်ကိုပေး ဦးလေး"
ဒီလအတွင်းမှာဟိုဘဲကြီးကလည်းနေ့တိုင်းနှင်းဆီအဖြူတွေကိုပို့ပေးတာမပြတ်ခဲ့သလို လူကိုယ်တိုင်လည်းအခုထိပေါ်မလာသေးပါ အမှောင်ထဲကနေတိတ်တဆိတ်စောင့်ကြည့်နေသလိုနဲ့ 'အမယ်လေး ပြောရင်းနဲ့ကျောချမ်းလာပြီ'
ယူဂျင်းဆောင်းတို့နှစ်ယောက်ကတော့အတော်လေးကိုငြိမ်နေကြတာ အကြံမရှိတော့တဲ့လူတွေလို ဘယ်လိုပဲပြောပြောmissionကရှိသေးတာကြောင့် သူတို့တကယ်ငြိမ်မသွားဖို့ပဲဆုတောင်းရမယ်
"မင်ဂျွန်းရေ သားလေးဂျယ်မင်ကိုဒေါ်လေးကိုပေးပြီး ပြင်ဆင်တော့လေ တရားရုံးသွားရမယ်မလား""ဟုတ်ကဲ့ဒေါ်လေး"
အချိန်ကအရာရာကိုတကယ်ပြောင်းလဲစေနိုင်တာတကယ်ပဲ ကလေးထိန်းပေးဖို့ခေါ်ခဲ့တဲ့ဒေါ်ကြီးကလည်းအခုဆိုသူတို့မိသားစုဝင်လိုပဲ ကွာရှင်းတဲ့အကြောင်းပြောတော့လည်းမိမိဘက်ကနေမခံမရပ်ဖြစ်ခဲ့သေးတယ့်အပြင် ဂျယ်မင်လေးအတွက်လည်းစိတ်မပူဖို့နဲ့သူမအစစအရာရာဂရုစိုက်မယ့်အကြောင်းကိုပြောတယ်

YOU ARE READING
System 0461 [Uni&Zaw]
Romancehost: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ်နိုင်တော့ဘူး 'သူပျံမလာတော့ပါ'ಥ‿ಥ Start date 1.2.2023 End date ??? host: ဇာတ်လိုက်တွေက ငါလေးကို ကြ...