Nabi
ဒုန်းး
"JBအဲ့တာဘာလုပ်နေတာလဲ ဒီကောင်လေးနှယ်သွေးတွေလျော့ကုန်မှ"
Shinတစ်ယောက်ဒေါသထွက်နေဟန်တူသောJBနားသို့ရောက်လာခဲ့သည်
"ကဲပြောဘာတွေမကျေမနပ်ဖြစ်နေတာလဲ"
"Shinမသိပါဘူးဗျာ"
"ဟ မသိလို့မေးနေတာပေါ့ကွ"
မပြောမချင်းသွားမယ့်ပုံမပေါ်တဲ့Shinကြောင့်JBလည်းမိမိနဲ့ကလေးငယ်အကြောင်းပြောပြလိုက်သည်
တကယ်ဆိုမိမိမှာကိုကိုယ်ကိုအတော်ဒေါသထွက်နေမိတာဖြစ်သည် ကိုယ့်ကိုယုံလို့လိုက်လာတဲ့ကလေးငယ်ကိုတန်ဖိုးမထားသလိုဖြစ်တော့မလို့"ဟင်း JBရယ် မင်းကိုယ်မင်းမထိန်းချုပ်နိုင်ဘူးဆိုတာချစ်လို့လေကွာ Nabiလေးစိတ်ထဲထားမှာမဟုတ်ပါဘူး စိတ်ထဲမကောင်းလည်းတောင်းပန်လိုက်ပေါ့ကွာ"
"ဟုတ်သားပဲ ကျနော်ကလေးငယ်ကိုဒီတိုင်းထားပြီးထွက်လာတာ ကြောက်နေပြီလားမသိဘူး ကျေးဇူးShin"
JBလည်းShinအားနှုတ်ဆက်ကာကလေးငယ်ဆီအပြေးပြန်လာခဲ့လိုက်သည်
အခန်းရှေ့ရောက်တော့အခန်းထဲမှထွက်လာသောJonအားတွေ့လိုက်ရသည်"ပြန်လာပြီလား ခွေးကောင်လေး ငါဒီလောက်ခေါ်နေတာကိုမကြားဘူး"
"ဟမ် Jonကဘယ်ထဲကရောက်နေတာလဲ"
"နာဘီလေး အဆင်ပြေမပြေလာကြည့်တာလေ အဲ့တာကိုဒေါသထွက်ပြီးထွက်သွားတာဘယ်သူလဲ"
JBလည်းမိမိအပြစ်ကြောင့်Jonအားသွားလေးဖြီးပြလိုက်ရသည်
"အထဲမှာnabiအိပ်နေတယ် ခုနလည်းငိုနေတာ မင်းကဘာကိုစိတ်ဆိုးသွားတာလည်းဆိုပြီး ငါမနည်းချော့ထားရတာ""အဲ့တာဆို ကျနော်အထဲဝင်တော့မယ် ကလေးငယ်ကိုဂရုစိုက်ပေးလို့ကျေးဇူးhyung"
မခေါ်စဖူးhyungလို့JBဆီမှအခေါ်ခံရတာကြောင့်Jonတစ်ယောက်ဆွိ့အလျက် သတိဝင်လာတော့မှ ပြုံးပြုံးဖြင့်ထိုအခန်းရှေ့မှထွက်ခွာသွားတော့သည်
JBအခန်းထဲဝင်လာတော့နစ်နစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးငယ်ကြောင့်အနားကပ်ထိုင်လိုက်ကာလက်ကလေးအားဖွဖွလေးစုတ်ကိုင်မိသည်

YOU ARE READING
System 0461 [Uni&Zaw]
Romancehost: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ်နိုင်တော့ဘူး 'သူပျံမလာတော့ပါ'ಥ‿ಥ Start date 1.2.2023 End date ??? host: ဇာတ်လိုက်တွေက ငါလေးကို ကြ...